Bloodhounds: Season 2

Apr. 03, 2026
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Bloodhounds S2 (2026)
—————————————
အကြမ်းစား လက်သီးထိုးချက်တွေနဲ့ အရမ်းကို လူကြိုက်များခဲ့တဲ့ “Bloodhounds”
စီးရီးလေးကတော့ အခုတစ်ခေါက်မှာ Season 2 နဲ့အတူ ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

Season 1 က Main Cast တွေ ဖြစ်ကြတဲ့ မင်းသား Woo Do-Hwan နဲ့ Lee Sang-Yi တို့
ပြန်လည် ပါဝင်လာမှာဖြစ်ပြီး အဆိုတော်မင်းသားကြီး Rain ကလည်း ဗီလိန်အဖြစ် အားဖြည့်ထားပါတယ်။

– ဇာတ်လမ်းအကျဉ်း –

ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အလားအလာရှိ လက်ဝှေ့သမားလေးအဖြစ်ကနေ လက်ဝှေ့ချန်ပီယံအဖြစ် တိုးတက်ရင့်ကျက်လာခဲ့တဲ့ ဂင်ဂွန်းဝူ (Woo Do-Hwan) နဲ့ အရင်လို ဘေးနားမှာ သစ္စာရှိရှိ ဝန်းရံအားပေးနေဆဲ ဂွန်းဝူရဲ့ ထာဝရညီအစ်ကို ဟုံးဝူဂျင်း (Lee Sang-Yi)…

အဲဒီလို အောင်ပွဲတွေနဲ့ အေးချမ်းနေတဲ့ ညီအစ်ကိုနှစ်ဦးကို အမှောင်လက်ဝှေ့လောကရဲ့
သွေးအေးရက်စက်တဲ့ အရှင်သခင် ဘဲ့ဂျောင်း (Rain) က ပစ်မှတ်ထားလာတဲ့အခါမှာတော့…

ပြီးခဲ့တဲ့ Season 1 မှာ တရားမဝင် အတိုးကြီးစား ငွေချေးဂိုဏ်းကို ရင်ဆိုင်နှိမ်နှင်းခဲ့ကြတဲ့
ဂွန်းဝူနဲ့ ဝူဂျင်းတို့က ဒီတစ်ခေါက်မှာရော ငွေနဲ့ အကြမ်းဖက်မှုတွေ ကြီးစိုးရာ မှောင်ခိုလက်ဝှေ့အဖွဲ့အစည်းကို ဘယ်လို ပူးပေါင်းရင်ဆိုင်သွားကြမှာလဲ…

ဂွန်းဝူနဲ့ ဝူဂျင်းတို့ကြားက ပိုပြီး နက်ရှိုင်းလာတဲ့ ညီအစ်ကိုသံယောဇဉ်၊ ပိုပြီး အဆင့်မြင့်လာတဲ့
အက်ရှင်ခန်းတွေနဲ့အတူ Rain ရဲ့ ပထမဆုံး ဗီလိန်သရုပ်ဆောင်ချက်တွေကိုပါ မြင်တွေ့ရမှာဖြစ်လို့
ဒီနေ့ပဲ ၇ ပိုင်းစလုံး စောင့်မျှော်အားပေးကြပါဦးနော်။

Leave a comment

Name *
Add a display name
Email *
Your email address will not be published