Spider-Noir: Season 1

May. 25, 2026
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Spider-Noir (2026) S1
+++++++++++

အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး

Spider-Man ပရိသတ်တွေအတွက် တကယ့်ကိုမိုက်မဲ့ “Spider-Noir” live-action စီးရီးအသစ် ထွက်လာပါပြီ။ ၂၀၁၈ တုန်းက Spider-Man: Into the Spider-Verse ကာတွန်းကားမှာ အသံသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသားကြီး Nicolas Cage ကပဲ ဒီစီးရီးမှာ လူကိုယ်တိုင် ပြန်လည်ပါဝင်လာတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောနေတဲ့ ပုံမှန် Spider-Man ကားတွေနဲ့မတူဘဲ ၁၉၃၀ ပြည့်လွန်နှစ်တွေက နယူးယောက်မြို့ကြီးရဲ့ မှောင်မိုက်ပြီး စုံထောက်ဆန်ဆန် (Noir aesthetic) အရသာကို အပြည့်အဝခံစားရမဲ့ ကားမျိုးပါ။

ဇာတ်လမ်းအကျဉ်း
+++++++++

ဒီဇာတ်လမ်းက ပုံမှန် Peter Parker အကြောင်း မဟုတ်ပါဘူး။ ဒီစကြဝဠာမှာ သူ့နာမည်က Ben Reilly ပါ။ အသက်နည်းနည်းရလာပြီဖြစ်တဲ့ Ben ဟာ အတိတ်က နယူးယောက်မြို့ရဲ့ တစ်ဦးတည်းသောစူပါဟီးရိုး (The Spider) အဖြစ်ကနေ အနားယူထားပြီး သာမန်ပုဂ္ဂလိက အလွတ်စုံထောက်ကြီးအဖြစ် အလုပ်လုပ်နေတာပါ။

ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံတွေ့ရပြီးနောက်မှာတော့ သူ့ရဲ့ အတိတ်က ဟီးရိုးဘဝကို မလွှဲမရှောင်သာ ပြန်လည်ရင်ဆိုင်ရမဲ့အကြောင်းကို လျှို့ဝှက်ဆန်းကြယ် စုံထောက်ကားစတိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Spider-Man Noir ဆိုတဲ့ ကာရိုက်တာက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel ရဲ့ Noir Universe (Earth-90214) ကနေ စတင်မွေးဖွားလာတာပါ။ ကောမစ်ထဲမှာတော့ ပင့်ကူကိုက်ခံရတာက သာမန် ဓာတ်ရောင်ခြည်သင့် ပင့်ကူမဟုတ်ဘဲ ရှေးဟောင်း ပင့်ကူနတ်ဘုရား ရုပ်တုကနေတစ်ဆင့် အစွမ်းရလာတာမျိုးပါ။

ရိုးရိုး Spider-Man တွေလို မဟုတ်ဘဲ သေနတ်တွေလည်း သုံးတယ်၊ လူဆိုးတွေကို နှိမ်နှင်းတဲ့နေရာမှာလည်း ပိုပြီး ကြမ်းတမ်းပါတယ်။ ကောမစ်ထဲမှာ Uncle Ben ကို သတ်သွားတဲ့ လူသတ်ကောင်က The Vulture ပါ (ကော်မစ်ထဲက Vulture က လူသားစားတဲ့ ဘီလူးတစ်ကောင်လိုပုံစံမျိုးပါ)။

စီးရီးထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဗီလိန်တွေဖြစ်တဲ့ Sandman (Flint Marko), Tombstone (Lonnie Lincoln) နဲ့ Silvermane တို့လို လူဆိုးဂိုဏ်းခေါင်းဆောင်တွေ ပါဝင်လာပါတယ်။

မင်းသားကြီး Nicolas Cage က သူ့ရဲ့ သရုပ်ဆောင်ပုံကို နာမည်ကြီး ဂန္ထဝင်မင်းသား Humphrey Bogart ရဲ့ စုံထောက်စတိုင် ၇၀ ရာခိုင်နှုန်းနဲ့ ကာတွန်းဇာတ်ကောင် Bugs Bunny ရဲ့ နောက်ပြောင်တတ်တဲ့စတိုင် ၃၀ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

Showrunner ဖြစ်တဲ့ Oren Uziel က ငယ်ငယ်တုန်းက Sam Raimi ရိုက်ခဲ့တဲ့ Tobey Maguire ရဲ့ Spider-Man ကားတွေကို အရမ်းကြိုက်ခဲ့တာမို့ အဲဒီကားတွေရဲ့ အငွေ့အသက်တချို့ကိုလည်း ဒီစီးရီးထဲမှာ ဂါရဝပြုထည့်သွင်းထားပါတယ်။

ဒီစီးရီးရဲ့ အထူးခြားဆုံး အချက်ကတော့ Prime Video မှာ “Authentic Black & White” (အဖြူအမည်းစစ်စစ်) ရော “True-Hue Full Color” (အရောင်အပြည့်) ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လွှင့်တင်ထားတာပါ။ ကိုယ်ကြိုက်တဲ့ ဖီလင်နဲ့ ရွေးကြည့်လို့ ရပါတယ်။

ဒီဇာတ်ကောင်က Spider-Verse ကားတွေနဲ့ ဆက်စပ်မနေဘဲ သီးသန့်ရပ်တည်နေတဲ့ စကြဝဠာတစ်ခုကပါ။ ပြီးတော့ မူပိုင်ခွင့်တွေနဲ့ ဇာတ်လမ်းကွဲပြားမှုတွေကြောင့် Peter Parker လို့ နာမည်မပေးဘဲ Ben Reilly လို့ နာမည်ပေးထားတာပါ။

အပိုင်း ၈ ပိုင်းပါဝင်မဲ့ ဒီစီးရီးကတော့ လျှို့ဝှက်ဆန်းကြယ် စုံထောက်ကား ကြိုက်တဲ့သူတွေရော၊ ခပ်ကြမ်းကြမ်း ဟီးရိုးကား ကြိုက်တဲ့သူတွေပါသဘောကျမဲ့ ကားကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲဗျာ။

Leave a comment

Name *
Add a display name
Email *
Your email address will not be published