What's happening?

Video Sources 1 Views Report Error

  • Watch traileryoutube.com
  • Pressure (2026)Unknown resource
Pressure

Pressure

In the hours before D-Day, one decision changed the world.May. 25, 2026100 Min.
Your rating: 0
0 0 votes
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Pressure (2026)
+++++++

IMDb Rating (7.6) / Rotten Tomatoes (86%)

ဒုတိယကမ္ဘာစစ် နောက်ခံကားတွေ ကြိုက်တတ်တဲ့သူတွေအတွက် ၂၀၂၆ ခုနှစ်၊ မေလမှာ ထွက်ရှိထားတဲ့ “Pressure” ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား တင်ပေးထားပါတယ်။ ဒီကားက သာမန် စစ်ကားတွေလို သေနတ်ပစ်၊ ဗုံးခွဲတဲ့ အခန်းတွေချည်း အသားပေးထားတာ မဟုတ်ဘဲ၊ သမိုင်းဝင် D-Day စစ်ဆင်ရေးကြီးမစခင် ၇၂ နာရီအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြိတ်အနယ် ဆုံးဖြတ်ချက်ချရမှုတွေကို ရင်တမမနဲ့ ကြည့်ရမဲ့ Drama ဇာတ်ကားကောင်းတစ်ကားပါ။

ဒါရိုက်တာ Anthony Maras ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့ Andrew Scott နဲ့ Brendan Fraser တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း
++++++++++++

ဇာတ်လမ်းက ၁၉၄၄ ခုနှစ် ဇွန်လကို အခြေခံထားပါတယ်။ မဟာမိတ်တပ်တွေဟာ နာဇီတွေ သိမ်းပိုက်ထားတဲ့ ဥရောပကို ပြန်လည် ထိုးစစ်ဆင်ဖို့ “Operation Overlord” (ဒါမှမဟုတ်) D-Day ဆိုတဲ့ သမိုင်းဝင် စစ်ဆင်ရေးကြီးကို စတင်ဖို့ ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။

ဒီလို အကြီးစား စစ်ဆင်ရေးကြီး အောင်မြင်ဖို့ဆိုတာ အင်္ဂလိပ်ရေလက်ကြားရဲ့ ရာသီဥတု အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒီအချိန်မှာ အမေရိကန် ဗိုလ်ချုပ်ကြီး ဒွိုက် အိုင်ဆင်ဟောင်ဝါ (Brendan Fraser) ဟာ စစ်ဆင်ရေးကို သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်မလား၊ ရွှေ့ဆိုင်းမလား ဆိုတာကို ဆုံးဖြတ်ဖို့ မိုးလေဝသ ပညာရှင် နှစ်ယောက်ရဲ့ အကြံဉာဏ်ကို ရယူရပါတော့တယ်။ စကော့တလန် မိုးလေဝသ ပညာရှင် ကက်ပတိန် ဂျိမ်းစ်စတက်ဂ် (Andrew Scott) က အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ မုန်တိုင်းကြီး လာနေလို့ စစ်ဆင်ရေးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့တိတိကျကျ သတိပေးပါတယ်။

ဒါပေမဲ့ အမေရိကန် မိုးလေဝသ ပညာရှင် ကာနယ် အာဗင်ခရစ်ခ် ကတော့ သမိုင်းမှတ်တမ်းတွေအရ ရာသီဥတု သာယာမယ်လို့ ဆန့်ကျင်ဘက်အကြံပြုပြန်ပါတယ်။ လူသန်းပေါင်းများစွာရဲ့ အသက်တွေ၊ စစ်ပွဲကြီးတစ်ခုလုံးရဲ့ ကံကြမ္မာဟာ ဒီမိုးလေဝသ ခန့်မှန်းချက်တွေအပေါ်မှာ မူတည်နေတာပါ။

ဗိုလ်ချုပ်ကြီး အိုင်ဆင်ဟောင်ဝါ အနေနဲ့ ဘယ်သူ့စကားကို ယုံကြည်ပြီး ဘယ်လို ဆုံးဖြတ်ချက်ချမလဲ၊ ကက်ပတိန် စတက်ဂ် အနေနဲ့ရော သူ့ရဲ့ခန့်မှန်းချက်တွေကို အထက်လူကြီးတွေ လက်ခံလာအောင် ဘယ်လို ကြိုးစားမလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။

စစ်တိုက်တဲ့ အခန်းတွေထက် စကားပြောခန်းတွေနဲ့ပဲ ဇာတ်ရှိန်ကို တဖြည်းဖြည်း မြှင့်တင်သွားတာဖြစ်လို့ Band of Brothers တို့၊ Saving Private Ryan တို့လို ကားတွေနဲ့ အရသာ တစ်မျိုးစီ ကွဲထွက်နေပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက် ချရခက်တဲ့အခြေအနေတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအား (Pressure) တွေကို သေသေချာချာ ရိုက်ပြထားတဲ့ ကားကောင်းလေးမို့ အေးအေးဆေးဆေး ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။

+++ သမိုင်းနောက်ခံ အခြေအနေ +++

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်လောက်မှာ နာဇီဂျာမနီတွေက ပြင်သစ်အပါအဝင် ဥရောပတိုက် တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားပြီးသား အချိန်ပေါ့။ ဒီအချိန်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အစရှိတဲ့ မဟာမိတ်တပ်တွေက ဂျာမနီကို အနောက်ဘက်ကနေ ဝင်တိုက်ဖို့ စီစဉ်ကြပါတယ်။

ဒီလို ဝင်တိုက်မှသာ အရှေ့ဘက်ကနေ ဂျာမနီကို တိုက်နေတဲ့ ဆိုဗီယက် တပ်တွေအတွက်လည်း အသက်ရှူချောင်မှာဖြစ်သလို၊ ဥရောပကို နာဇီတွေလက်ထဲကနေ ပြန်လုနိုင်မှာပါ။ အဲဒီအတွက် ပြင်သစ်နိုင်ငံ၊ နော်မန်ဒီ ကမ်းခြေကို ရေကြောင်းကနေ အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်မယ့် Operation Overlord (D-Day) ဆိုတဲ့ သမိုင်းဝင် စစ်ဆင်ရေးကြီးကို စတင်ဖို့ ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ်းတက်စစ်ဆင်ရေးဆိုတာ အင်မတန် အန္တရာယ်များပါတယ်။ D-Day သာ မအောင်မြင်ခဲ့ရင် မဟာမိတ် စစ်သား သိန်းနဲ့ချီပြီး ပါဝင်တဲ့ ဒီစစ်ဆင်ရေးကြီးမှာ ရာသီဥတုသာ မကောင်းလို့ လှိုင်းလေကြီးနေမယ်ဆိုရင် သင်္ဘောတွေ မှောက်တာ၊ ကမ်းခြေမရောက်ခင် ရေနစ်သေဆုံးတာတွေဖြစ်ပြီး တပ်တွေ အလဟဿ အကြီးအကျယ် ဆုံးရှုံးသွားနိုင်ပါတယ်။

အကယ်၍ နော်မန်ဒီ ကမ်းခြေမှာသာ အရေးနိမ့်ခဲ့ရင် မဟာမိတ်တပ်တွေအနေနဲ့ နောက်ထပ် ဒီလောက်ကြီးမားတဲ့ ထိုးစစ်ကြီးတစ်ခု ပြန်ဆင်ဖို့ နှစ်နဲ့ချီပြီးအချိန်ပြန်ယူရမှာပါ။

စစ်ပွဲကြီးသာ ရှည်ကြာသွားခဲ့ရင် ဟစ်တလာအနေနဲ့ V1, V2 ဒုံးကျည်တွေလို အဖျက်စွမ်းအားကြီး လက်နက်တွေ၊ ဒါမှမဟုတ် နျူကလီးယားလက်နက်တွေကိုပါ အောင်မြင်အောင် တီထွင်သွားနိုင်တဲ့ အချိန်ရသွားမဲ့ အန္တရာယ် ရှိပါတယ်။

အနောက်ဘက်ကနေ ဝင်တိုက်တဲ့ မဟာမိတ်တပ်တွေသာ ကျရှုံးခဲ့ရင်၊ ဂျာမနီကို အရှေ့ဘက်ကနေ ထိုးစစ်ဆင်နေတဲ့ ဆိုဗီယက်ကပဲ ဥရောပတစ်ခုလုံးကို သိမ်းပိုက်သွားနိုင်ပြီး ဒီကနေ့ခေတ် ဥရောပနိုင်ငံတွေရဲ့ ကံကြမ္မာဟာ လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်။

တကယ့် လက်တွေ့မှာတော့ ရုပ်ရှင်ထဲက မိုးလေဝသ ပညာရှင် ကက်ပတိန် ဂျိမ်းစ်စတက်ဂ် ရဲ့ အကြံပေးမှုအတိုင်း ဇွန်လ ၅ ရက်နေ့မှာ လုပ်မဲ့စစ်ဆင်ရေးကို ရာသီဥတု ဆိုးရွားနေတဲ့အတွက် ဇွန်လ ၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဇွန်လ ၆ ရက်နေ့ ရောက်တဲ့အခါ ရာသီဥတုကနည်းနည်း ကောင်းသွားတဲ့အတွက် စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။

ဂျာမန်တပ်တွေရဲ့ အပြင်းအထန် ခုခံမှုတွေကြားကနေ မဟာမိတ်တပ်တွေဟာ အသေအပျောက် အများကြီး ပေးဆပ်ခဲ့ရပေမဲ့ နော်မန်ဒီကမ်းခြေတွေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

D-Day အောင်မြင်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ လအနည်းငယ်အတွင်းမှာပဲ (၁၉၄၄ ဩဂုတ်လမှာ) ပြင်သစ်နိုင်ငံ ပါရီမြို့ကို နာဇီတွေလက်ထဲကနေ ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။

အနောက်ဘက်ကနေ မဟာမိတ်တပ်တွေ၊ အရှေ့ဘက်ကနေ ရုရှားတပ်တွေ ညှပ်တိုက်တဲ့အတွက် နောက်ဆုံးမှာ ဂျာမနီတွေ အရေးနိမ့်ပြီး ၁၉၄၅ ခုနှစ်၊ မေလမှာ လက်နက်ချ အရှုံးပေးသွားရပါတယ်။

Pressure
Pressure
Pressure
Pressure
Pressure
Pressure
Pressure
Pressure
Pressure
Pressure
Original title Pressure
TMDb Rating 8.083 24 votes

Director

Cast

Andrew Scott isCaptain James Stagg
Captain James Stagg
Brendan Fraser isGeneral Dwight D. Eisenhower
General Dwight D. Eisenhower
Kerry Condon isCaptain Kay Summersby
Captain Kay Summersby
Chris Messina isIrving P. Krick
Irving P. Krick
Damian Lewis isMarshall Bernard Montgomery
Marshall Bernard Montgomery
Con O'Neill isMarshall Leigh-Mallory
Marshall Leigh-Mallory
Henry Ashton isJohn Eisenhower
John Eisenhower
Michael Benz isHamilton
Hamilton
Wil Coban isPrivate Tommy Cooper
Private Tommy Cooper

Similar titles

Kuman Thong
My Amish Double Life
Tarot
Homestead
Lawa
Reflection in a Dead Diamond
Fierce Town
Guy Ritchie’s The Covenant
Fighter
Eagle
Unknown Origins
Magik Rompak

Leave a comment

Name *
Add a display name
Email *
Your email address will not be published