
Predator: Wastelands (2025)
—————————————
IMDb Rating သိပ်မကောင်းပေမဲ့လည်း ကြည့်ပျော်ပါတယ်။
Predator နေရာကနေ ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ကိုယ်မမြင်ဖူးတဲ့ ဒေသတွေမှာ မမြင်ဖူးတဲ့သတ္တဝါတွေနဲ့ တိုက်ခိုက်နေတာကို မြင်ရမှာဖြစ်တဲ့ 2025 ရဲ့ ထူးထူးခြားခြား သိပ္ပံဆန်ဆန် Action ကားကောင်းတစ်ကောင်းလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းက ပြောမပြထားရင် ပိုကြည့်ကောင်းတာမို့ Plot ကိုတော့ မရှင်းပြတော့ပါဘူး။
ကားက PredatorXAlien ရဲ့ OG fans တွေနဲ့ Sci-Fi ပရိတ်သတ်တွေအနေနဲ့ စိတ်ဝင်စားပြီးအရမ်းကိုကြိုက်ကြမဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီတခေါက် Predator က လူတွေနဲ့အတူပူးပေါင်းပြီး တိုက်ခိုက်မှာဖြစ်ပါတယ်။ အဲ့တာမို့ ဒီကားလေးကို စောင့်မျှော်နေရတဲ့ Fan တွေအတွက် တင်ဆက်လိုက်ရပါတယ်။