What's happening?

Video Sources 367 Views Report Error

  • Watch traileryoutube.com
  • Everyone Says I Love You (1996)Unknown resource
Everyone Says I Love You

Everyone Says I Love You

Dec. 06, 1996n/A101 Min.n/A
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Everyone Says I Love You (1996) က ဝူဒီအယ်လန်ရဲ့တစ်ကားတည်းသော မြူဇစ်ကယ်ရုပ်ရှင်။ အယ်လန်အနေနဲ့တော့ မြူဇစ်ကယ်တစ်ကားလောက် ရိုက်ကြည့်ချင်တဲ့ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဆိုပေမဲ့ သူ့ထုံးစံအတိုင်း ပြက်လုံးတွေလည်း မနည်းပါတယ်။ ဒီကားကို မြူဇစ်ကယ်ကားစစ်စစ်လို့ မြင်ပေးဖို့တော့ နည်းနည်းခက်တယ်။ သီချင်းတွေက ဒိုင်ယာလော့မှာ ပြောပြီးသားအကြောင်းအရာတွေဖြစ်ရင်ဖြစ် မဖြစ်ရင် ဒီတိုင်း သီချင်းတွေဖြစ်နေလို့ပါပဲ။

အယ်လန်ကတော့ ဇာတ်ကားထဲမှာရော သူ့အကြောင်းဘိုင်အိုစာအုပ်ထဲမှာရော ဒီကားထဲက သီချင်းတွေကို ဖြုတ်လိုက်ရင် ဒီကားက တော်တော်ကြောင်တဲ့ကားဖြစ်သွားမယ်ပြောခဲ့ဖူးတယ်။ ပုံမှန်မြူဇစ်ကယ်တွေနဲ့မတူတာတော့ အမှန်ပဲ။ ဇာတ်ကားထဲက သီချင်းတွေကိုလည်း ဒရူးဘယ်ရီမိုးကလွဲလို့ ကျန်တဲ့လူတွေအကုန် သူတို့ဘာသာဆိုထားတယ်။ နည်းနည်းတော့စားတယ်ပြောရမှာပေမဲ့ အဲဒါကိုကလည်း အယ်လန်လိုချင်ခဲ့တဲ့အနေပဲ။ သူ့အဆိုအရတော့ သာမန် ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက် ပလိန်းကြီး သီချင်းထဆိုနေတာထက် ကြောင်တာမရှိတော့ဘူးပေါ့။

ဇာတ်ကလည်း မြူဇစ်ကယ်ဒရာမာတွေမှာ မြင်နေကျမဟုတ်တဲ့ဇာတ်။ လူကုံထံမိသားစုရဲ့ ပြဿနာတွေချည်းသက်သက်ကို ရိုက်ပြထားတာ။ သူတို့မိသားစုပြဿနာ သူတို့အချစ်ပြဿနာစသည်ဖြင့်ပေါ့။ ဒါကိုပဲ မြူဇစ်ကယ်ဖြစ်အောင် ရိုက်ပြထားတယ်။ ဆိုပေမဲ့ ဒီကာလတွေမှာ သူ့အဆုံးသတ်တိုင်းမှာ တစ်စုံတရာတော့ သူထည့်ချင်ခဲ့ပုံပါပဲ။ ကြည့်ဖြစ်ရင်တော့ ခံစားမိလိမ့်မယ်။ ဒီကားက ဝက်ဝက်ကွဲအရှုံးပေါ်ခဲ့ပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အကြိုက်တွေ့ခဲ့ကြတဲ့ အယ်လန့်ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ရော်ဂျာအတ်ဘတ်ဆိုလည်း အယ်လန့်အကောင်းဆုံးတွေထဲကတစ်ကားလို့ သမုတ်ခဲ့တယ်။

သရုပ်ဆောင်တွေကတော့ အယ်လန်ကိုယ်တိုင်အပြင် Drew Barrymore, Gaby Hoffmann , Natalie Portman, Julia Roberts, Tim Roth, Natasha Lyonne, Alan Aldaတို့လို ခေတ်အဆက်ဆက်က နာမည်ကြီးတွေ သရုပ်ဆောင်ထားပါတယ်။

Everyone Says I Love You
Everyone Says I Love You
Everyone Says I Love You
Everyone Says I Love You
Everyone Says I Love You
Everyone Says I Love You
Everyone Says I Love You
Everyone Says I Love You
Everyone Says I Love You
Original title Everyone Says I Love You
IMDb Rating 6.7 10 votes
TMDb Rating 6.422 697 votes

Director

Woody Allen
Director

Cast

Woody Allen isJoe Berlin
Joe Berlin
Natasha Lyonne isDjuna 'D.J.' Berlin
Djuna 'D.J.' Berlin
Goldie Hawn isSteffi Dandridge
Steffi Dandridge
Alan Alda isBob Dandridge
Bob Dandridge
Drew Barrymore isSkylar Dandridge
Skylar Dandridge
Edward Norton isHolden Spence
Holden Spence
Julia Roberts isVon Sidell
Von Sidell
Lukas Haas isScott Dandridge
Scott Dandridge
Gaby Hoffmann isLane Dandridge
Lane Dandridge
Natalie Portman isLaura Dandridge
Laura Dandridge

Similar titles

Slay
Beau Is Afraid
Crazy Love
Holy Cow
Caramelo
Feather Christmas
Ligaw
Nobody
All About My Wife
Dìdi (弟弟)
Parandhu Po
Return to Office

Leave a comment

Name *
Add a display name
Email *
Your email address will not be published