What's happening?

Video Sources 568 Views Report Error

  • Watch traileryoutube.com
  • The Odyssey (2026)Unknown resource
The Odyssey

The Odyssey

Defy the gods.Jul. 15, 2026United Kingdom173 Min.R
Your rating: 0
8 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

The Odyssey (2026)
++++++++++

ဒီနှစ် ၂၀၂၆ ရဲ့ အပေါက်ဆုံးနဲ့ ရုံတင်ဝင်ငွေ အကြမ်းဆုံး ရုပ်ရှင်တစ်ကားလို့ ပြောရမဲ့ Christopher Nolan ရဲ့ The Odyssey ကိုတင်ပေးထားပါတယ်။ လုံးဝအကြည်မဟုတ်သေးတာကြောင့် စောင့်နိုင်သူတွေ မကြည့်ကြသေးပါနဲ့။ ဒီရုပ်ရှင်မျိုးကို ရုံမှာ မကြည့်ရတဲ့သူတွေအတွက် စိတ်မကောင်းကြောင်းပဲ ပြောစရာရှိပါတော့တယ်။

ဒီကားက သာမန် ဒဏ္ဍာရီလာ စိတ်ကူးယဉ်ဇာတ်လမ်းမျိုးချည်းသက်သက်မဟုတ်ဘဲ Nolan ရဲ့ စတိုင်အတိုင်း သမိုင်းကြောင်းနဲ့ အဖြစ်မှန်ကိုအခြေခံပြီး တကယ့်ကို လက်တွေ့ကျကျ မြင်ယောင်လာအောင် ရိုက်ကူးထားတာပါ။

ရုပ်ရှင်က အချိန်အားဖြင့် ၁၇၂ မိနစ် (၃ နာရီနီးပါး) ရှိပေမဲ့ ကြည့်ရတာ လုံးဝ မပျင်းရပါဘူး။ အထူးသဖြင့် ထရိုဂျန်မြင်းကြီး (Trojan Horse) ပါတဲ့ အခန်းတွေနဲ့ နောက်ဆုံး အဆုံးသတ်တိုက်ပွဲအခန်းတွေဆိုရင် အသက်ရှူမှားလောက်အောင်ကို မိုက်ပါတယ်။ မူလထွက်ရှိထားတဲ့ Odyssey 1997 နှစ်ပိုင်းနဲ့မတူတာကတော့ မူရင်းဇာတ်လမ်းမှာ နတ်ဘုရားတွေကို အကောင်အထည်လိုက် ဆက်ဆံပြောဆိုတဲ့အဆင့်တွေထည့်ထားပြီး ဂရိဒဏ္ဍာရီတွေနဲ့ အများကြီးနီးစပ်ပါတယ်။ နိုလန်ကတော့ ဒါကို လူ့သဘောနဲ့ပိုနီးစပ်အောင် ပြုပြင်ထားတာပဲ ဖြစ်ပါတယ်။ အော်ဒစ်ဆီးယပ်စ်တစ်ယောက် အိမ်မပြန်နိုင်တာဟာ ပိုဆိုက်ဒွန်ကြောင့်လား သူလိပ်ပြာမလုံလို့လား ဆိုတာမျိုး စဉ်းစားစရာဖြစ်အောင် ပြသထားတာပါ။

နိုင်ငံပေါင်း ၆ နိုင်ငံ (မော်ရိုကို၊ ဂရိ၊ အီတလီ၊ အိုက်စလန်၊ စကော့တလန်နဲ့ အနောက်ဆဟာရ) မှာ တကယ့် Location တွေချည်း သွားရိုက်ထားတာမို့ ရှုခင်းတွေ၊ မြင်ကွင်းတွေကလည်း တကယ်ကို အကြမ်းစားပါပဲ။ ဧရာမ မြင်းရုပ်ကြီးတွေ၊ ဆိုက်ကလော့ဘီလူးတွေကို တကယ်တည်ဆောက်ရိုက်ကူးထားတာဖြစ်ပြီး သင်္ဘောကြီးတွေပေါ်မှာ လှေလှော်ပညာကိုပါ တကယ့်သင်ယူစေပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဘီလူးအစစ်နဲ့ စုန်းမအစစ်တွေကိုတောင် ထည့်ရိုက်ချင်တဲ့လူမျိုးပါပဲ။

ဇာတ်လမ်းအကျဉ်း

ဂရိဒဏ္ဍာရီထဲက နာမည်ကြီး Homer ရဲ့ The Odyssey ကို အသက်သွင်းထားတာပါ။ ထရိုဂျန်စစ်ပွဲကြီး (Trojan War) အပြီးမှာ အစ်သီကာ (Ithaca) ဘုရင် အော်ဒစ်ဆေးယပ်စ် (Odysseus) တစ်ယောက် မိန်းမဖြစ်သူ ပန်နယ်လိုပီ (Penelope) ဆီကို အိမ်ပြန်ဖို့ ကြိုးစားတဲ့ ခရီးစဉ်အကြောင်းပေါ့။ အိမ်အပြန်ခရီးက လွယ်လွယ်ကူကူမဟုတ်ဘဲ လမ်းမှာ ဒဏ္ဍာရီလာ သတ္တဝါတွေ၊ ဘုရားသခင်တွေရဲ့ အမျက်ဒေါသတွေနဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အကြောင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းဆင်ထားတာပါ။

ပါဝင်တဲ့ မင်းသားမင်းသမီးတွေကလည်း တကယ့်နာမည်ကြီးတွေချည်းပါပဲ။ ခေါင်းဆောင်မင်းသား အော်ဒစ်ဆီးယပ်စ် အဖြစ် Matt Damon က သရုပ်ဆောင်ထားပြီး၊ သူ့မိန်းမ နေရာမှာ Anne Hathaway က ပါဝင်ထားပါတယ်။ ဒါ့အပြင် Tom Holland, Robert Pattinson, Lupita Nyong’o, Zendaya နဲ့ Charlize Theron တို့လို နာမည်ကြီး တန်းဝင်သရုပ်ဆောင်တွေ အများကြီးအားဖြည့်ထားတာမို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝ အပြစ်ပြောစရာ မရှိပါဘူး။

အချုပ်ပြောရရင်တော့ ဒဏ္ဍာရီဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေ၊ Christopher Nolan ရဲ့ ရုပ်ရှင်တွေကို စောင့်ကြည့်နေတဲ့ ပရိသတ်တွေအတွက်ရော၊ ရုပ်ရှင်ကောင်းကောင်း တစ်ကားကို အရသာရှိရှိ ခံစားချင်သူတွေအတွက်ပါ လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပါ။ ကြည့်မယ်ဆိုရင်လည်း IMAX ရုံမှာ ကြည့်မှ တကယ့်ကို အရသာရှိမဲ့ ကားမျိုးလို့ ညွှန်းချင်ပါတယ်။

The Odyssey
The Odyssey
The Odyssey
The Odyssey
The Odyssey
The Odyssey
The Odyssey
The Odyssey
The Odyssey
The Odyssey
Original title The Odyssey
TMDb Rating 7.9 874 votes

Director

Cast

Similar titles

Under Ninja
Ultimate Mission
Godzilla x Kong: The New Empire
Fierce Town
Harold and the Purple Crayon
Hellboy
Lone Wolf McQuade
Thunderbolts*
Indian 2: Zero Tolerance
Flying Swords of Dragon Gate
A Chinese Ghost Story
They Fight

Leave a comment

Name *
Add a display name
Email *
Your email address will not be published