What's happening?

Video Sources 345 Views Report Error

  • Crossing A Dawn (2026)Unknown resource
Crossing A Dawn

Crossing A Dawn

May. 20, 2026USAG
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Crossing A Dawn (2026)

“ထာဝရဆိုတဲ့ စကားလုံးကို မေ့ထားလိုက်.. ဒီညအတွက်ပဲ ရှင်သန်ကြရအောင်”

လူနေထူထပ်ပြီး မီးရောင်တွေလင်းထိန်နေတဲ့ မြို့ကြီးပြကြီးတွေမှာ လူတွေဟာ အထီးကျန်ဆန်မှုကိုယ်စီနဲ့ ရှင်သန်နေကြရပါတယ်။ တစ်ခါတလေမှာ ရေရှည်ဆက်ဆံရေးတစ်ခုကို
တည်ဆောက်ရတာ ပင်ပန်းလာတဲ့အခါ ကိုယ့်အကြောင်း ဘာမှမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ တစ်ညတာလောက် လွတ်လွတ်လပ်လပ် စကားတွေပြော၊ ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး
လူတိုင်းမှာ ရှိဖူးကြမှာပါ။

ဒီလို ခံစားချက်မျိုးကို အမိအရ ဖမ်းဆုပ်ပြီး Vibe အမိုက်စား ရိုက်ကူးထားတဲ့ ၂၀၂၆ ခုနှစ်ထွက် Urban Romance ရုပ်ရှင်ကားသစ်လေး “Crossing a Dawn” (今晚正好) အကြောင်းကို ဒီတစ်ခါမှာတော့ ခံစားမှုလေးတစ်ခုအနေနဲ့ ရေးဖွဲ့ပေးချင်ပါတယ်။

ဒီကားလေးကတော့ ဟောလိဝုဒ်က နာမည်ကြီး “Before Sunrise” ရုပ်ရှင်လိုမျိုး တစ်ညတာအတွင်းမှာ ဖြစ်ပျက်သွားတဲ့ သူစိမ်းနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပုံဖော်ထားတာပါ။
အဓိကဇာတ်ဆောင်တွေအနေနဲ့ ပရိသတ်အချစ်တော် မင်းသမီး Ma Sichun နဲ့ ထိုင်ဝမ်မင်းသားချော Edward Chen တို့က ပါဝင်ထားပါတယ်။

ဇာတ်လမ်းလေးက ဘေကျင်းမြို့ရဲ့ ညရှုခင်းတွေနဲ့အတူ စတင်ပါတယ်။ အင်တီးရီးယား ဒီဇိုင်နာ ကောင်မလေး ရွှီချိုး (Xu Qiu) ဟာ အွန်လိုင်းကနေ ချိန်းတွေ့ဖို့ ကြိုးစားပေမဲ့
အဆင်မပြေဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ ကုန်စုံဆိုင်လေးတစ်ခုမှာ စာရေးဆရာလို့ သူ့ကိုယ်သူ ခံယူထားတဲ့ ချန်ယွီကျိုး ဆိုတဲ့ကောင်လေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတော့တယ်။ သူစိမ်းနှစ်ယောက် ဘေကျင်းမြို့ရဲ့ ညလမ်းမတွေထက်မှာ အတူတူ လျှောက်လည်ကြရင်း၊ စကားတွေပြောကြရင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေကနေတစ်ဆင့် နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေဆီကို ကူးပြောင်းသွားပုံကို ရင်ခုန်စရာကောင်းအောင် ရိုက်ကူးထားတာပါ။

ဒီကားရဲ့ အသက်ကတော့ “လူကြီးဆန်ဆန် အချစ်” ကို ပွင့်ပွင့်လင်းလင်း ရိုက်ကူးပြထားတာပါပဲ။

“မနက်ဖြန်ဆိုတာ မသေချာဘူး၊ ဒီညလေးမှာပဲ အပြည့်အဝ ပျော်ရွှင်လိုက်ကြရအောင်”
ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ မာစစ်ချွန်းရဲ့ ရဲရဲတင်းတင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်ချက်တွေရယ်၊ အက်ဒ်ဝပ်ချန်နဲ့ နှစ်ယောက်ကြားက
Chemistry မိမိ အချိတ်အဆက်တွေရယ်က ပရိသတ်ကို ဇာတ်လမ်းထဲ အပြည့်အဝ စီးမျောသွားစေမှာပါ။

သာမန် အချစ်ကားတွေလို ချိုလွန်း၊ အီလွန်းနေတာမျိုး မဟုတ်ဘဲ မြို့ပြရဲ့ အထီးကျန်မှု၊ လူငယ်တွေရဲ့ ရုန်းကန်ရမှုနဲ့ ခဏတာ အချစ်ကနေ ရရှိလာတဲ့ နွေးထွေးမှုတွေကို သဘာဝကျကျ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေးမို့
ညဘက် ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေး ကြည့်ဖို့အတွက် အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။

Crossing A Dawn
Crossing A Dawn
Crossing A Dawn
Original title 今晚正好
IMDb Rating 6 2 votes
TMDb Rating 6 2 votes

Director

Zhao Badou
Director

Cast

Ma Sichun isXu Qiu
Xu Qiu
Edward Chen isChen Yuzhou
Chen Yuzhou
Lv Xingchen isTingting
Tingting
Song Yang isGuan Xiaodong
Guan Xiaodong
Wen Moyan isPunk Girl
Punk Girl
Liu Chuang isCatlish Guy
Catlish Guy

Similar titles

Polar Opposites
Hiram
One Win
Torrente for President
The Drunken Prodigy
Kiss of the Spider Woman
Part-Time Daddy
Miss Match
Panda Plan
Eddington
Curious Tales of a Temple
Silip

Leave a comment

Name *
Add a display name
Email *
Your email address will not be published