
One Night Only (2026)
ဒီဇာတ်ကားလေးကို နာမည်ပေးရရင် လိင်မှုကိစ္စကို ကန့်သတ်တဲ့ ဥပဒေနဲ့ တစ်ညစာအလွဲများလို့ နာမည်ပေးရမှာဖြစ်ပြီး ထူးထူးခြားခြား ဇာတ်အိမ်ဖွဲ့ထားတဲ့ Romance Comedy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
အမေရိကန်လွှတ်တော်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာမစောင့်ထိန်းခြင်းဥပဒေကို စတင်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဥပဒေမှာဆိုရင် အိမ်ထောင်ရှိသူ၊ လက်ထပ်ပြီးသားစုံတွဲတွေသာ လိင်မှုကိစ္စကို သဘောရှိလုပ်နိုင်ပြီး လူပျိုလူလွတ်တွေဆိုရင်တော့ တစ်နှစ်မှာ ၃၆၄ ရက်လုံးလုံး လိင်ဆက်ဆံခွင့်မရှိပဲ တစ်နှစ်မှာ တစ်ရက်တိတိပဲ ပျော်ပါးခွင့် ပေးပါတယ်တဲ့။
အမေရိကန်ပြည်သူတိုင်းရဲ့ လက်ကောက်ဝတ်မှာ ဇီဝခြေရာခံကိရိယာကို ထည့်ထားပြီးတော့ လိင်ဆက်ဆံချိန် တိုးမြင့်လာတဲ့ဟော်မုန်းကို တိုင်းတာပြီး ခြေရာကောက်တာပါ။ လူပျိုလူလွတ်တွေက ဥပဒေကိုချိုးဖောက်ပြီး လိင်ဆက်ဆံတာနဲ့ အစိုးရက တန်းသိပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ပါတယ်။
ဒီလိုနဲ့ တစ်နှစ်လုံးလုံးမှာ တစ်ညတာလေးပဲ ပျော်ပါးခွင့်ရတဲ့အတွက် လူပျိုလူလွတ်တွေဟာ ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ကြသလိုပါပဲ။ အဲဒီမှာမှ အိုဝင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ အယ်လီဆိုတဲ့ကောင်မလေးတစ်ယောက် အတူအိပ်ဖော်ရဖို့ ဘယ်လိုများ ကြိုးပမ်းကြမလဲဆိုတာကို တစ်ညစာ အလွဲပေါင်းများစွာနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာဖြစ်ပါတယ်။