
Tora! Tora! Tora! (1970)
ဒီဇာတ်ကားကတော့ အမေရိကန်နဲ့ဂျပန်တို့ရဲ့ ဒုတိယကမ္ဘာစစ်တုန်းကအဖြစ်အပျက်တွေကို ပြန်လည်ရိုက်ပြထားတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်မတော်ဟာ အမေရိကန်ရဲ့ ပစိဖိတ်ရေတပ်စခန်း (ပုလဲဆိပ်ကမ်း) ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ဖို့ လျှို့ဝှက်စစ်ဆင်ရေး ပြင်ဆင်ခဲ့ပါတယ်။ အမေရိကန်ဘက်က လျှို့ဝှက်သတင်းအချို ရရှိခဲ့ပေမဲ့ သတင်းအချက်အလက် ပို့ဆောင်မှု အမှားအယွင်းများနဲ့ ပေါ့ဆမှုတွေကြောင့် မတားဆီးနိုင်ခဲ့ပါဘူး။
ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုကြီးရဲ့ နောက်ကွယ်က နှစ်ဖက်စစ်တပ် စစ်ဗျူဟာများနဲ့ နိုင်ငံရေးအရှုပ်အထွေးများကို ပုံဖော်ထားတဲ့ သမိုင်းဝင် စစ်ကားကောင်း တစ်ကားဖြစ်ပါတယ်။