
Ever After (2026)
“ပုံပြင်တွေထဲမှာ အမြဲတမ်း ပျော်ရွှင်စွာအဆုံးသတ်တတ်တယ်လို ဘယ်သူပြောခဲ့လဲ”
သီးသန့်ဆန်ပြီး တိတ်ဆိတ်လှတဲ့ တောအုပ်နက်ကြီးထဲက သစ်သားအိမ်လေးဆီကို မင်္ဂလာပွဲအကြိုပါတီပွဲ ကျင်းပဖို့အတွက် သူငယ်ချင်းတစ်စု ရောက်ရှိလာခဲ့ကြပါတယ်။
ပျော်ရွှင်စရာ ဂီတသံတွေနဲ့ ပြည့်နှက်နေရမဲ့ ဒီခရီးစဉ်ဟာ သူတိုမထင်မှတ်ထားတဲ့ ညအမှောင်ထဲမှာ စိတ်ခြောက်ခြားစရာ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဒီတောအုပ်ထဲမှာ တကယ်ပဲရှိနေတာကတော့ ဒဏ္ဍာရီပုံပြင်တွေထဲက ဝံပုလွေဆိုးကြီး၊ စုန်းမကြီးနဲ့ အခြားရင်းနှီးပြီးသား ဇာတ်ကောင်တွေရဲ့ ပုံစံကို ယူထားကြတဲ့ စိတ်ဖောက်ပြန်နေကြတဲ့သူတွေ သွေးဆာနေတဲ့ လူသတ်သမား ဂိုဏ်းကြီးပါပဲ!
မျက်နှာဖုံးစွပ်ထားတဲ့ ဝက်သုံးကောင်၊ ဝံပုလွေနဲ့ ပူးပေါင်းသွားတဲ့ ပင်နီလှလေး၊ လိမ်လည်လှည့်ဖြားတတ်တဲ့ “Prince Charming” နဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ Rumpelstiltskin တို့ဟာ ပုံပြင်ထဲကအတိုင်း မဟုတ်တော့ဘဲ၊ သွေးအေးအေးနဲ့ အမဲလိုက်ဖို စောင့်ဆိုင်းနေကြပါတယ်။
သေမင်းတမန် ဒဏ္ဍာရီဆိုးတွေကြားထဲ မြိုပြကရောက်လာတဲ့ မိန်းကလေးတစ်စုဟာ တောနက်ထဲကနေ အသက်ရှင်လျက် လွတ်မြောက်အောင် ရုန်းကန်နိုင်ပါ့မလား…
ပုံပြင်ထဲက ဇာတ်ကောင်တွေ တကယ်ကြောက်စရာကောင်းလာတဲ့အခါ… သူတိုရဲ့ ဇာတ်သိမ်းကရော ပျော်ရွှင်စရာ ဖြစ်နိုင်ပါဦးမလား…
ပုံပြင်တွေထဲမှာတော့ အဆုံးသတ်တိုင်းဟာ ပျော်ရွှင်စရာကောင်းတတ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဲဒီလိုအဆုံးသတ်မျိုးကိုရရှိဖို့ ဘယ်သူတွေက အသက်ရှင်ကျန်ရစ်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ…