
One Year to Live, Buy a Man (2026)
—————–
ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်နေရင်း အသက် ၄၀ ရောက်မှ ကင်ဆာဖြစ်နေမှန်းသိလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ၁ နှစ်တာကျန်ရှိတဲ့အချိန်ကို ဆေးကုသမှုတွေခံနေတော့မဲ့အစား ဘဝမှာ အရင်ကလုံးဝမလုပ်ဘူးလို့ တွေးထားတဲ့အရာတွေလုပ်ရင်း ဖြတ်သန်းဖို့ဆုံးဖြတ်လိုက်ပါတယ်
သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုအောက်မှာ သူမရဲ့ ဘဝအပေါ် တွေးခေါ်ပုံတွေ၊ အမြင်တွေ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။
အဲ့ဒီနောက် ဇိမ်ခံဘားတစ်ခုက လူတွေကိုအဖော်ပြုပေးတဲ့ ကောင်လေးခပ်လန်းလန်းတစ်ယောက်ကို သူမရဲ့ ၃ နှစ်စာလစာဖြစ်တဲ့ ယန်း ၇၂၀,၀၀၀ သုံးပြီး ၇၂ ရီစာလောက်ငှားလိုက်ပါတယ်…
ပထမတော့ ငွေကြေးကြောင့်ဖြစ်လာတဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်ရဲ့ နာကျင်မှုတွေကို နားလည်လာကြပြီး မမျှော်လင့်ထားတဲ့ စစ်မှန်တဲ့ မေတ္တာတရားနဲ့ အချစ်ဇာတ်လမ်းအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမဲ့ ဂျပန်ဒရမ်မာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။