What's happening?

Video Sources 666 Views Report Error

  • Watch traileryoutube.com
  • Beauty and the Beast (2014)Unknown resource
Beauty and the Beast

Beauty and the Beast

The legend is reborn...Feb. 12, 2014France | Germany | Spain112 Min.PG-13
Your rating: 0
7 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Beauty and the Beast ဇာတ်လမ်းက ဒစ္စနေး ကျေးဇူးနဲ့ ကျွန်တော်တို့ ဟိုးကလေးပေါက်စလေးကတည်းကရင်းနှီးလာတဲ့ ဇာတ်လမ်းပဲ။ ၁၉၄၆ ကထွက်တဲ့ ပြင်သစ်ကားအပြင် ခုထိ ဒီဇာတ်လမ်းကို ရိုက်လာလိုက်တာ
၁၀ ကားအထက်တော့ ရှိနေပြီ။ ဒီထဲမှာ ၁၉၉၁ က ထွက်တဲ့ ဒစ္စနေးကာတွန်းကားနဲ့ ၂၀၁၇ ထွက်တဲ့ အန်မာဝတ်ဆန်နဲ့ ရိုက်တဲ့ကားတော့ လူသိအများဆုံးဖြစ်လိမ့်မယ်။

၂၀၁၇ကားက ၁၉၉၁ ကားရဲ့ Live Actionပဲဆိုတော့ ဒီလူသိအများဆုံး ၂ ခုက ဇာတ်လမ်းအတူတူနီးပါးပဲ။ ၁၉၉၁ ကားကိုတော့ ၁၇၅၆ ကထွက်ခဲ့တဲ့ Jeanne-Marie ရဲ့ဗားရှင်း ဇာတ်လမ်းကိုသုံးထားပြီး ၁၉၄၆ ရုပ်ရှင်ကနေလည်း မှီးထားတယ်။ ၄၆ ရုပ်ရှင်ကလည်း Jeanne-Marie ဗားရှင်းပဲ။
ဒါပေမဲ့ သူက Beauty and the Beast ရဲ့ မူရင်း စာရေးဆရာတော့မဟုတ်ဘူး။ မူရင်းကို ၁၇၄၀ မှာ Gabrielle-Suzanneက ရေးခဲ့တယ်။ ဒီ၂၀၁၄ ပြင်သစ်ကားကတော့ Gabrielle-Suzanne ရဲ့ မူရင်းစာအုပ်ကို ရိုက်ထားတာ။
ကျွန်တော်တို့ ကြည့်နေကျဇာတ်နဲ့ တော်တော်လေးတော့ ကွဲပြားခြားနားတယ်။
ရိုက်လာခဲ့သမျှထဲမှာလည်း မူရင်းဇာတ်ကိုရိုက်တာက ဒီတစ်ကားပဲ ထင်ထင်ရှားရှားတွေ့ရတယ်။ ဒါရိုက်တာကတော့ Crying Freemanတို့ Silent Hill တို့ကို အသက်သွင်းခဲ့တဲ့လူ။ ပြောသာပြောရတယ် သူရိုက်ထားတာ ၄ ကားပဲရိုက်တဲ့နောက် ဒီကားနဲ့ Brotherhood of the Wolf ကလည်း သူ့ဟာနဲ့သူတော့ ပရိသတ်အာရုံစိုက်မှုရခဲ့တော့ ၄ ကားလုံး အထိုက်အလျောက် အောင်မြင်တယ်။ အကုန်လုံးက ဂိမ်းတို့ မန်ဂါတို့ကို LA ရိုက်ထားတာတွေချည်းပဲ။
သူ့လိုင်းကလည်း horror , fantasyဆိုတော့ ဒီဇာတ်နဲ့ ကွက်တိတော့ ကွက်တိပဲ။ ဒါကြောင့်လည်း ဒီထဲကBeastက နည်းနည်းတော့ ကြက်သီးထစရာကောင်းတယ်။ ပြင်သစ်ကားဆိုပေမဲ့ အင်တာပရိသတ်ကို တားဂတ်ထားထားလို့လားမသိ။ သုံးထားတဲ့ သရုပ်ဆောင်တွေက ပြင်သစ်တွေပေမဲ့ အမေရိကန်ရုပ်ရှင်နယ်ပယ်မှာ နေရာအခိုင်အမာရထားတဲ့လူတွေကိုသုံးထားတယ်။ ဒါပေမဲ့လည်း အနုပညာအရအောင်မြင်တဲ့
ကားကောင်းတွေကို ရိုက်ထားတဲ့သူတွေပါပဲ။ ကျွန်တော်တို့နဲ့လည်း မစိမ်းဘူး။ Beast နေရာကနေ Vincent Casselက သရုပ်ဆောင်ထားတယ်။ La Hainတို့ The Apartmentတို့လို ဒိတ်ဒိတ်ကြဲပြင်သစ်ကားတွေ Ocean’s တို့ Black Swanတို့လို အမေရိကန်ကားတွေမှာ မင်းသားလုပ်ခဲ့တဲ့သူဆိုတော့ အားလုံးကောင်းကောင်းသိနေတဲ့သူပဲ။

Beauty နေရာကတော့ တကယ့်အလှလေးပဲ။ ဘွန်းဂဲလ်တစ်ဖြစ်လဲ Lea Seydoux။ သူ့ကိုတော့ ကျွန်တော်တော့ Midnight in Paris မှာ ပထမဆုံးစကြွေဆင်းခဲ့ဖူးတယ်။ နောက်ပိုင်းလည်း ပိုပိုကြမ်းလာပါတယ်။ Wes Anderson , Yorgos Lanthimos , Sam Mendes , Denis Villeneuve တို့လို ဒိတ်ဒိတ်ကြဲ ဒါရိုက်တာတွေနဲ့ ဆက်တိုက်ကိုရိုက်နေရတယ်။

ဇာတ်ကတော့ သင်္ဘောသုံးစီးပိုင်တဲ့ ကုန်သည်ကြီးတစ်ယောက်ရှိတယ်။ သူ့မှာ သားသမီးခြောက်ယောက်ရှိတယ်။ ကြမ္မာငင်တဲ့တစ်နေ့မှာ သင်္ဘောတွေအကုန် မုန်တိုင်းမိပြီး ဆုံးရှုံးသွားတော့ ကျေးလက်ဘက်မှာ ဆင်းဆင်းရဲရဲနေရဖို့ အကြောင်းဖန်လာတယ်။
ဒီလိုနဲ့ တစ်နေ့ကိစ္စရှိလို့ မြို့ကိုသွားရင်း အပြန်မှာ Beast ရဲ့ ရဲတိုက်ကို မျက်စိလည်လမ်းမှားရောက်သွားပြီး မယူသင့်တာကို သွားယူမိတယ်။ Beastက သူ့ကို တစ်ရက်အချိန်ပေးပြီး ပြန်လာအသေခံဖို့မှာလိုက်တယ်။ အိမ်ရောက်တော့ ဒီအကြောင်းပြောပြတော့ သူ့သမီး အငယ်ဆုံးလေးက သူ့အဖေအစား အသေခံဖို့ထွက်သွားရာကနေ အလှလေးနဲ့ အရိုင်းကောင်ရဲ့ ဇာတ်လမ်းက အစပြုတယ်။
Beast ရဲ့ ကျိန်စာတို့ ဘာတို့ကအစ ဘယ်လီရဲ့ဘဝနဲ့ကာရိုက်တာကအစ ကျွန်တော်တို့မြင်နေကျ အရိုက်များခဲ့တဲ့ဇာတ်လမ်းနဲ့တော့ ကွဲပြားတယ်။
Beast ရဲ့ ကျိန်စာမိတဲ့ဇာတ်က ဝူခုန်းထဲက တစ်ခန်းနဲ့တောင် သွားတူတယ်။ ဒီကားက ဝေဖန်ရေးသမားတွေကြားထဲတော့ အကောင်းပြောခံရလိုက် အဆိုးပြောခံရလိုက် ဖြစ်ခဲ့ပေမဲ့ ဝင်ငွေအရတော့ အောင်မြင်ခဲ့တယ်။ ဇာတ်ရှိန်ကလည်း နည်းနည်းမြန်နေသကိုး။ ဘာပဲပြောပြော fantasyကားတစ်ကားအနေနဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အတွက်‌တော့ Lea Seydoux နဲ့တင် ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ပဲ။

Beauty and the Beast
Beauty and the Beast
Beauty and the Beast
Beauty and the Beast
Beauty and the Beast
Beauty and the Beast
Beauty and the Beast
Beauty and the Beast
Beauty and the Beast
Beauty and the Beast
Original title La Belle et la Bête
IMDb Rating 6.4 22,662 votes
TMDb Rating 6.2 2,122 votes

Director

Cast

Similar titles

Sirai
The Man Who Loved UFOs
Keluar Main 1994
The Last of the Mohicans
Krista
Uang Panai 2
Norma: Antara Mertua dan Menantu
Lady and the Tramp
Challengers
Maalikaya
Girls Will Be Girls
Avatar: Fire and Ash

Leave a comment

Name *
Add a display name
Email *
Your email address will not be published