What's happening?

Video Sources 345 Views Report Error

  • Blazing Sands (2026)Unknown resource
Blazing Sands

Blazing Sands

Jul. 28, 2026USAG
Your rating: 0
8 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Blazing Sands (2026)

ဇာတ်လမ်းအစမှာတော့ တရုတ်ပြည်ရဲ့ ကန္တာရတောတောင် ထူထပ်တဲ့ နယ်စပ်ဒေသမြို့လေးတစ်ခုဆီကို ခေါ်ဆောင်သွားမှာပါ။ လွန်ခဲ့တဲ့ (၅) နှစ်တုန်းက အဲဒီနယ်စပ်မှာ ကြီးမားတဲ့ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေး စစ်ဆင်ရေးကြီးတစ်ခုကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ရဲအရာရှိ (၂) ယောက်ရဲ့ အသက်ကို သတ္တိရှိရှိ ကယ်တင်ပေးခဲ့တဲ့ ယွမ်တာခန်းဆိုတဲ့ အမျိုးသားဟာ
နိုင်ငံတော်က ချီးမြှင့်တဲ့ သူရဲကောင်းဆုတံဆိပ်ကိုတောင် ဂုဏ်ယူစွာ လက်ခံရရှိခဲ့ပါတယ်။

ဒါပေမဲ့ (၅) နှစ်ကြာပြီးတဲ့နောက်မှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် မာချောင်းဟာ ယွမ်တာခန်းတို့ ညီအစ်ကိုနှစ်ယောက်က ဘိလိယက်ဘောလုံးတွေကို အသုံးချပြီး မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကြီးကို သိရှိသွားခဲ့ပါတယ်။

ဒီအမှန်တရားကို သိသွားတဲ့အတွက်ပဲ မာချောင်းတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတော့တယ်။ မာချောင်းရဲ့ ရုပ်အလောင်းက ဒဏ်ရာပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ဘိလိယက်ဘောလုံး
အပိုင်းအစလေးကနေတစ်ဆင့် ရဲအရာရှိ ယန်ထျန်းဟာ တရားခံအစစ်ဖြစ်တဲ့ ယွမ်တာခန်းကို ခြေရာခံမိသွားပါတော့တယ်။

ရဲအရာရှိ ယန်ထျန်းရဲ့ စိတ်ပိုင်းဆိုင်ရာ လွန်ဆွဲမှုတွေနဲ့အတူ တရားခံ ယွမ်တာခန်းဟာ တစ်ချိန်က သူ့အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ဖြစ်နေပေမဲ့၊
အမှန်တရားနဲ့ တိုင်းပြည်အတွက် တာဝန်သိစိတ်က ရှေ့တန်းရောက်လာတဲ့အခါ မဖြစ်မနေ လိုက်လံဖမ်းဆီးရပါတော့တယ်။

ကန္တာရခရောင်းမြေအနှံ့ ထွက်ပြေးနေတဲ့ ယွမ်တာခန်းတို့ ညီအစ်ကိုနဲ့ အန္တရာယ်တွေကြားကနေ အဆုံးထိ လိုက်လံဖမ်းဆီးမဲ့ ယန်ထျန်းတို့ရဲ့ အသက်လုပွဲကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
ကြမ်းတမ်းတဲ့ ကန္တာရရှုခင်းတွေနဲ့အတူ အက်ရှင်အခန်းတွေကို အမိုက်စား ရိုက်ကူးထားပြီး၊ ဇာတ်ကောင်တွေရဲ့ အားပြိုင်မှု၊ ဉာဏ်ကစားမှုတွေကိုပါ ပီပီပြင်ပြင် မြင်တွေ့ရမှာပါ။
ကျေးဇူးတရားလား၊ တာဝန်သိစိတ်လား ဆိုတဲ့ မေးခွန်းနဲ့အတူ အက်ရှင် မှုခင်းကားကောင်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် အချိန်ပေးရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Blazing Sands
Original title 烈焰狂沙
IMDb Rating 1 1 votes
TMDb Rating 1 1 votes

Director

Director

Cast

Similar titles

Fyre Rises
My Wife Is a Gangster 3
Stream
Init
The Verdict
In Youth We Trust
War Machine
I Can
Hiram
Conquer: Lahad Datu
Organ Child
Predator: Badlands

Leave a comment

Name *
Add a display name
Email *
Your email address will not be published