
Collision Course (2026)
Netflix ကနေ ပူပူနွေးနွေး ထွက်ရှိထားပြီး ထူးခြားတဲ့တင်ဆက်ပုံနဲ့ crime thriller ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
စပိန်နိုင်ငံ Madrid မြို့မှာ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပွားနေတဲ့အချိန် ဘဏ်တစ်ခုကို ဓားပြအုပ်စုတစ်စုက ဝင်ရောက်လုယက်ရာကနေ ဇာတ်လမ်းစတင်လာပါတယ်။
အစပိုင်းမှာတော့ ရိုးရိုးဘဏ်ဓားပြမှုတစ်ခုလို့ ထင်ရပေမဲ့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခါ အရာအားလုံးက ပိုမိုရှုပ်ထွေးကုန်ပါတော့တယ်။ လူတွေရဲ့ လောဘ၊ မယုံကြည်မှုနဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သလဲဆိုတဲ့ လူ့သဘာဝကိုပါ စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။