What's happening?

Video Sources 410 Views Report Error

  • Watch traileryoutube.com
  • Homestead (2023)Unknown resource
Homestead

Homestead

Mar. 03, 2023United States80 Min.n/A
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

ဇာတ်ကားလေးကတော့ စွန့်စွန့်စားစားအက်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်…

အနုမြူဗုံးပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ ကမ္ဘာပျက် ကပ်ဘေးကို ရင်ဆိုင်ကြဖို့ပြင်ဆင်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပေါ်ချိန်ကာလကို ဟောကိန်းထုတ်ကြည့်ဖို့ ကြိုးစားထားတဲ့ရုပ်ရှင်ကားလေးတစ်ကား ဖြစ်တယ်ဆိုရင်လည်း မလွဲနိုင်ပါဘူး။

အစာရေစာပြတ်လပ်ရှားပါးမှုတွေ၊ ကူကယ်ရာမဲ့နေတဲ့ဒုက္ခသည်တွေ၊ အဖောက်ထွင်းခံနေရတဲ့ ကုန်တိုက်တွေ၊ ရှေ့ဆက်မတိုးနိုင်လောက်အောင်ပိတ်နေတဲ့ယာဉ်တန်းတွေ စတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေကို စိတ်လှုပ်ရှားဖွယ်တင်ဆက်ပြသထားပြီး သဘာဝတရားကိုချစ်ကြဖို့ငြိမ်းချမ်းရေးကို အချိန်မီထိန်းသိမ်းနိုင်ဖို့လည်း သတင်းစကားတစ်ခုအနေနဲ့ ပုံဖော်ဖန်တီးထားတယ်လို့လည်း ဆိုနိုင်ပါတယ်…

Ian Ross တစ်ယောက်ဟာ ကမ္ဘာပျက်မယ့်ဘေးအတွက်ကို ရိက္ခာတွေသိုလှောင်ရင်း လိုအပ်တာတွေစုဆောင်းကာ ကြိုတင်ပြင်ဆင်ထားသူတစ်ယောက်ဖြစ်ပါတယ်..တစ်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အင်အားပြင်းပေါက်ကွဲမှုတစ်ခုမှ အစပြုကာ အမေရိကန်ပြည်ထောင်စုအတွင်း လျှပ်စစ်မီးတွေ ပြတ်တောက်ကာ အနုမြူဗုံးအန္တရာယ်စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ကောလဟာတွေပျံ့နှံ့လာပြီး ရှောင်ကြတိမ်းကြရင်းတစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှား ဖြစ်လာပါတော့တယ်။

Ian Ross နဲ့ နီးစပ်သူများဟာ Ian Ross တစ်ယောက် ထိုအခိုက်အတန့်အတွက် ပြင်ဆင်ထားကြောင်းသိရှိကြပြီး Ian Ross ဆီ ဝင်ခိုလှုံဖို့ တဖွဲဖွဲရောက်ရှိလာကြပါတယ်။ သို့သော်လည်း Ian Ross ဟာ ၎င်းငှားရမ်းထားတဲ့ လုံခြုံရေးခေါင်းဆောင်ရဲ့ အကြံပြုချက်ကိုမလွန်ဆန်နိုင်ဘဲ ၎င်းရဲ့ မိတ်ဆွေရင်းတွေကို အိမ်ထဲပေးမဝင်နိုင် ၊ အစာရေစာအကူအညီမပေးနိုင်ဘဲရှိနေကာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားဗျာများနေရတော့ပါတယ်။

ထိုအခိုက်မှာပဲ ဇနီးဖြစ်သူ Jenna Ross တစ်ယောက်က လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ စားရေရိက္ခာတွေခြံပြင်ထွက်ပေးရာ ဗိုက်ဆာနေတဲ့ လူအုပ်ကြီးက အလုအယက်ဝိုင်းယူကြသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များကပါ ဝင်ဆွဲရတဲ့အထိ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဒုက္ခရောက်နေတဲ့သူတွေကို ကူညီချင်နေတဲ့ Jenna နဲ့ စိတ်ခံစားချက်ထက် ကျိုးကြောင်းဆီလျော်မှုကို ဦးစားပေးတဲ့ Ian တို့ လင်မယားနှစ်ယောက်ရဲ့ အပြန်အလှန်ပဋိပက္ခဖြစ်မှုအပေါ်မှာကျောရိုးတည်ပြီး ကမ္ဘာပျက်ကပ်ဘေးဆိုက်လာတဲ့အခါ လူသားတွေရဲ့ အလိုအလျောက်တုံ့ပြန်မှုသဘာဝကို အမြင်ဖွင့်ပေးထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများအနေနဲ့ အတွေးပွားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွတ်ရလေအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….

Homestead
Homestead
Homestead
Original title Homestead
IMDb Rating 4.2 284 votes
TMDb Rating 5.2 17 votes

Similar titles

The Truth is Murky
Life After Fighting
Rebel Ridge
The One
Trap
Sky Force
The Silent Hour
Darkness of Man
The Ugly
Last Breath
Kuman Thong
Blackout

Leave a comment

Name *
Add a display name
Email *
Your email address will not be published