
It’s My Time (2026)
Oscar ဆုရှင်မင်းသမီးကြီး Michelle Yeoh နဲ့ မင်းသားချောလေး Liu Hao Ran တို့ရဲ့ စိတ်ဝင်စားစရာကောင်းပြီး ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ ရုဘစ်ကုဗတုံးအားကစားပြိုင်ပွဲမှာ
အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတဲ့အကြောင်း ပြသသွားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။
အသက်(၇၀)အရွယ် အသက်ကြီးလာပြီဆိုပေမဲ့ လူငယ်တွေထက်တောင် သန်တုန်းမြန်တုန်းဖြစ်ပါတယ်။ ထစ်ကနဲရှိဒေါသထွက်တတ်တဲ့ ဆတ်ဆတ်ကျဲ အဘွားကျောက်ယန့်ဟုန်ဟာ မတရားမှုကိုခေါင်းငုံ့မခံတတ် ဘယ်တော့မှအရှုံးမပေးတဲ့ ခေါင်းမာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ဘိုးဘွားရိပ်သာမှာနေထိုင်ရင်း ငြီးငွေ့စရာကောင်းတဲ့ဘဝမှာ အမြဲဆန်းသစ်တဲ့အရာတွေကိုလုပ်ဆောင်လိုတဲ့ စိတ်ဓာတ်ရှိသူတစ်ယောက်ဖြစ်ပါတယ်။
အသက်(၂၅)နှစ်အရွယ် ပါရမီရှင်ရုဘစ်ကုဗတုံးပြိုင်ပွဲချန်ပီယံ ဝူယိုဝေကတော့ ဘဝကိုအရက်နဲ့မျှောရင်း ပေါ့ပေါ့ဆဆနေတတ်သူတစ်ယောက်ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်ဖြစ်တဲ့သူတို့နှစ်ယောက် မထင်မှတ်ပဲဆုံမိတဲ့အခါမှာတော့ ဆရာတပည့်အဖြစ်ပေါင်းစည်းသွားခဲ့ပါတယ်။ ရောင်စုံရုဘစ်တုံးအပေါ်စွဲလမ်းသွားတဲ့ အဘွားကျောက်ယန့်ဟုန်ဟာ ဆရာဖြစ်သူ သူငယ်ချင်းနဲ့ မိသားစုရဲ့အားပေးမှုနဲ့အတူ ကမ္ဘာ့ရုဘစ်ပြိုင်ပွဲစင်မြင့်ကို တက်လှမ်းဖို့ကြိုးစားပါတော့တယ်။
တလွဲပြိုင်ဖက်တွေ ရယ်မောဖွယ်ရာအလွဲအမှားတွေကြုံတွေ့ရင်း ရုဘစ်ကုဗတုံးလေးတစ်တုံးမှနေတစ်ဆင့် ကိုယ့်ဘဝရဲ့ အတားအဆီးတွေကိုဖယ်ရှားရင်း အိပ်မက်နဲ့ဘဝဖြစ်နိုင်ချေတွေကို ပြန်လည်ပုံဖော်သွားမဲ့ ခွန်အားဖြည့်ရုပ်ရှင်ကားကောင်းပဲဖြစ်ပါတယ်။