
Kill Will (2026)
*******************
ဒါရိုက်တာ Dave Fairman ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ကြေးစားလူသတ်သမားဟောင်းတစ်ယောက်ရဲ့ အပြေးအလွှား အသက်လုပွဲကို ဟာသနဲ့အက်ရှင် ရောစပ်ရိုက်ကူးထားတဲ့ Indie Action-Comedy ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှာ Digital Platform တွေပေါ်မှာ ထွက်ရှိထားတာပါ။
ကြေးစားလူသတ်သမားဟောင်း Will ဟာ အတိတ်ကိုစွန့်လွှတ်ပြီး မြို့ငယ်လေးတစ်မြို့မှာ အမည်ဝှက်နဲ့ အေးဆေးနေထိုင်နေသူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ လူသတ်သမားနှစ်ယောက်က သူ့ရဲ့ ပုန်းအောင်းနေတဲ့နေရာကို စုံစမ်းသိရှိသွားပြီး လာရောက်တိုက်ခိုက်ရာကနေ ငြိမ်းချမ်းရေး ပျက်စီးသွားခဲ့ပါတယ်။
Will ဟာ Annie နဲ့အတူ အသက်လုထွက်ပြေးရပြီး သူ့ကိုလိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားလူသတ်သမားတွေကို ရှောင်ကွင်းရင်း သူ့ရဲ့ အရင်ခေါင်းဆောင်ဆီ အရောက်သွားနိုင်ဖို့ ကြိုးစားရပါတော့တယ်။
သူ့ရဲ့အတိတ်က အဖွဲ့ဝင်ဟောင်းတွေပါ အသတ်မခံရခင် အချိန်နဲ့အပြိုင် အန္တရာယ်များလှတဲ့ခရီးလမ်းကို ရုန်းကန်လျှောက်လှမ်းရတော့တာ ဖြစ်ပါတယ်။ ကြေးစားလူသတ်သမား နောက်ကြောင်းပြန်အက်ရှင်ကားတွေကိုမှ John Wick စတိုင်ထက် ပေါ့ပေါ့ပါးပါးဟာသနှောထားတဲ့ Indie Action ကားမျိုး ကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။