What's happening?

Video Sources 473 Views Report Error

  • Watch traileryoutube.com
  • Locked (2025)Unknown resource
Locked

Locked

No escape. No mercy. Just survival.Mar. 20, 2025n/A95 Min.n/A
Your rating: 0
7 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Locked (2025)
ရုပ်ရှင်အမျိုးအစား – Psychological Thriller, Thirller
IMDb : 6.1 / 10
———————————————
အက်ဒီဘာရစ်ဟာ ကားတစ်စီးနဲ့ ဒလီပို့တဲ့ အလုပ်ကိုလုပ်ပြီး ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေသူတစ်ဦးဖြစ်တယ်။ သူ့ဒုက္ခတွေနဲ့သူ အကျပ်ရိုက်နေလို့ ဇနီးဟောင်းနဲ့ အလှည့်ကျ ခွဲယူထားတဲ့ သူ့သမီးအတွက် ဖခင်တာဝန်တွေကိုလည်း မကျေပွန်နိုင်သူပေါ့။ တစ်နေ့တော့ သူ့ရဲ့ကားကပျက်လို့ ဝပ်ရှော့ကို ပို့လိုက်ရတယ်။ ပြင်စရိတ်ကိုလည်း အကုန်မပေးနိုင်တော့ ကားလည်းမရ ငွေလည်းကုန် အခြေအနေဖြစ်သွားတယ်။

လူတကာကို ပိုက်ဆံလိုက်ချေးပေမဲ့လည်း အရာမထင်ခဲ့တဲ့အဆုံး အက်ဒီဟာ လမ်းပေါ်မှာ ဒီတိုင်းရပ်ထားတဲ့ SUV တစ်စီးထဲက ပစ္စည်းတစ်ခုခုကိုခိုးပြီး ငွေရပေါက်ကြံတယ်။ ဒါပေမဲ့ ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဝင်ခိုးတဲ့ ကားက သာမန်ကားတစ်စီး ဟုတ်မနေခဲ့တာပါပဲ။ ကားထဲကို အက်ဒီဝင်သွားအပြီးမှာ ကားတံခါးတွေဟာ အကုန်လော့ခ်ကျသွားခဲ့ပါတယ်။ အက်ဒီဘယ်လိုပဲ ကြိုးစားကြိုးစား တံခါးတွေဟာ လုံးဝဖွင့်မရတော့ပါဘူး။ ပါလာတဲ့ သေနတ်နဲ့ မှန်ကိုခွဲပြန်တော့ ကျည်မတိုးတဲ့ မှန်ဖြစ်နေပြီး ကျည်ဆံက တန်ပြန်လာလို့ အက်ဒီ့ခြေထောက်ကို ပြန်မှန်ပြီး သွေးတွေလွန်ပါတော့တယ်။

ရုတ်တရက်ဆိုသလို ကားရဲ့ တီဗီဖန်သားပြင်ကနေ ဖုန်းတ‌စ်ကောဝင်လာခဲ့ပြီး ဝီလီယံဆိုသူဟာ သူက ဒီကားရဲ့ပိုင်ရှင်ဖြစ်ကြောင်း၊ သူဟာ အက်ဒီ့လိုလူတွေကြောင့် ဒီကားကို ပရောဂျက်ဆွဲထားတာဖြစ်ကြောင်း သူလုပ်စရာရှိတာတွေ လုပ်လို့မပြီးမချင်း အက်ဒီ့ကို ပြန်မလွှတ်ဘူးဆိုတဲ့အကြောင်းတွေ ပြောလာပါတော့တယ်။

ဒီလိုနဲ့ ဒဏ်ရာကြောင့် သွေးလွန်နေတဲ့ အက်ဒီဟာ SUV ကားကြီးထဲမှာ ပိတ်မိသွားပြီး အသံရှင်ရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ချင်းမလှရောက်သွားပါတော့တယ်။ ဒီဇာတ်လမ်းမှာ မင်းသားချော Bill Skarsgård က အက်ဒီအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ကားတစ်ကားလုံးကို ကားတစ်စီးထဲမှာ ဇာတ်အိမ်တည်ပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားပါတယ်။

Locked
Locked
Locked
Locked
Locked
Locked
Locked
Locked
Locked
Locked
Original title Locked
IMDb Rating n/A n/A votes
TMDb Rating 6.219 457 votes

Director

Robyn Ledoux
Director

Cast

Similar titles

Die My Love
A Working Man
My Doctor’s Secret Life
Commission
Carry-On
Maharaja
The Cut
Unstoppable
Faultline
One Battle After Another
The Machine
Fight or Flight

Leave a comment

Name *
Add a display name
Email *
Your email address will not be published