
Obsesyon (2025)
—————————————
မစ္စဘဲရ်ဟာ အထက်တန်းကျောင်းရဲ့လမ်းညွှန်အတိုင်ပင်ခံဆရာမတစ်ဦးဖြစ်ပြီး လင်ပါသမီးဖြစ်သူကို အထူးတလည်စိတ်ပါစိတ်ဝင်စားပါတယ်။
ဒါပေမဲ့လည်း အဲ့ဒီလင်ပါသမီးဖြစ်တဲ့အယ်ရင်ကတော့ ငယ်စဉ်ကတည်းက သူ့ဖခင်ကို မိခင်ဖြစ်သူလက်ထဲက လုယူခဲ့တဲ့ မိထွေးအဖြစ်သူ့အပေါ်လုံး၀အမြင်မကြည်လင်ပါဘူး။
ဒီတော့ ဘဲရ်က သူတို့ကျောင်းမှာတက်ရင်း အချိန်ပိုင်းဘားဝန်ထမ်းလုပ်နေတဲ့လူငယ်လေး ဗင်းဆင့်ကို အယ်ရင့်အပေါ်စောင့်ကြည့်ဖို့ တာဝန်ပေးခန့်အပ်လိုက်ပါတော့တယ်။ ဒါပေမဲ့လည်း ရိုးသားထက်မြက်ရုံတင်မက ရုပ်ကလေးကပါချောနေတဲ့ ဗင်းဆင့်အပေါ် သူကိုယ်တိုင်ခံစားချက်တွေဖြစ်ပေါ်လာချိန်မှာတော့..
သူတို့လင်မယားနှစ်ယောက်ရဲ့အဆင်မပြေတဲ့အိမ်ထောင်ရေး၊ ဗင်းဆင့်နဲ့အယ်ရင်ကြားက ဇာတ်လမ်း၊ အားလုံးပေါင်းချိန်မှာဖြစ်ပေါ်လာမဲ့ဇာတ်ရှုပ်တွေကို ရှုစားကြရမှာဖြစ်ပါတယ်။