
A Big Bold Beautiful Journey (2025)
IMDb Rating (6.1) / Rotten Tomatoes (37%)
နေ့စဉ်ဘဝမှာ သက်ဝင်လှုပ်ရှားရင်း အမေ့ခံခဲ့ရတဲ့အတိတ်တွေဆိုတာ ပျောက်ဆုံးသွားတာမဟုတ်ဘဲ လက်ရှိဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိလာကြတာပါ။
ထူးဆန်းတဲ့ကားအငှားစင်တာတစ်ခုမှာ ကားငှားမိတဲ့ ဒေးဗစ်(Colin Farrell)ဟာ သူငယ်ချင်းဖြစ်သူရဲ့မင်္ဂလာဆောင်မှာတွေ့ခဲ့ရတဲ့ ဆာရာ(Margot Robbie)ဆိုတဲ့ မိန်းကလေးနဲ့အတူ ကြီးကျယ် ခမ်းနားလှပတဲ့ ခရီးရှည်တစ်ခုထွက်ရဖို့ဖြစ်လာပါတယ်။
အချိန်ခရီးသွားတဲ့ စိတ်ကူးယဉ်ဆန်ဆန်သဘာလွန်ဇာတ်ကားဖြစ်ပေမဲ့ ပေါ့ပေါ့ပါးပါး အမျိုးအစားမဟုတ်ပဲ ကြိုက်သူရော မကြိုက်သူပါရှိနိုင်မဲ့ အတွေးလေးနဲ့ကြည့်ရမဲ့ကားမျိုးပါ။