What's happening?

Video Sources 663 Views Report Error

  • Kung Fu Lady Boss (2025)Unknown resource
Kung Fu Lady Boss

Kung Fu Lady Boss

Dec. 05, 2025
Your rating: 0
8 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Kung Fu Lady Boss (2025)

ဒီဇာတ်ကားကတော့ ကိုယ်ခံပညာ အခြေခံ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး၊ အမွေအနှစ် ထိန်းသိမ်းရေးနဲ့ မိသားစု လျှို့ဝှက်ချက်တွေကို ရင်ခုန်စရာကောင်းအောင် ပုံဖော်ထားတာပါ။

ချင်းချင်း ဆိုတဲ့ အမျိုးသမီး။ သူဟာ တစ်ချိန်က “ဝူလုံဂိုဏ်း” ရဲ့ ခေါင်းဆောင်ဟောင်းရဲ့ မြေးမလေးပဲ။ အခုတော့ သူဟာ ဝူလုံဂိုဏ်းရဲ့ အမွေဆက်ခံသူဖြစ်လာရာက ဇာတ်လမ်းစခဲ့တာပါ။

အခြေအနေက ဘာလဲဆိုတော့… ဝူလုံဂိုဏ်းဟာ အစဉ်အလာအရ ခေါင်းဆောင်သစ် ရွေးချယ်တဲ့အခါ “ထိုင်ခုံမှူး” (သို့မဟုတ် ခေါင်းဆောင်) ကို သုံးနှစ်တစ်ကြိမ် ရွေးကောက်လေ့ရှိပေမဲ့
တချို့နေရာတွေမှာ မိသားစု အမွေဆက်ခံခြင်းမျိုးလည်း ရှိတယ် ..ချင်းချင်း က သူ့အဖေဆုံးသွားတဲ့အတွက် သူ့အဖေနေရာကို ဆက်ခံဖို့ဖြစ်လာတာပေါ့။

တစ်ချိန်တည်းမှာ ဒုတိယအကြီးအကဲနဲ့ တတိယအကြီးအကဲတို့လည်း ပြိုင်ဖက်အနေနဲ့ ရှိနေသေးတာပေါ့..
ဒီလိုနဲ့ ချင်းချင်းဟာ လုပ်ကြံခံရပြီး ဂျပန်တွေလက်ထဲ ရောက်သွားခဲ့တာပါ။ မသေကောင်းမပျောက်ကောင်း လွတ်မြောက်လာခဲ့ပေမဲ့ သူ့ဘဝရဲ့ လျို့ဝှက်ချက်ပေါ်ပေါက်လာခဲ့တယ်။
ချင်းချင်း ရဲ့ ဆုံးသွားတဲ့ အဖေဟာ တကယ်တော့ သူရဲ့ အဖေအရင်း မဟုတ်ဘူး။ ချင်းချင်း ရဲ့ အမေဟာ ပါအုပ်နဲ့ လက်မထပ်ခင်တုန်းကတည်းက ကိုယ်ဝန်ရှိခဲ့တာပါတဲ့။

အဲဒီလို လျှို့ဝှက်ချက်တွေ ပေါ်လာတဲ့အခါ ချင်းချင်း ဟာ အမှန်တရားကို ရင်ဆိုင်ရပြီး ဒီလျှို့ဝှက်ချက်နဲ့ဂိုဏ်းကို ကာကွယ်ဖို့အတွက် လက်စားချေလိုစိတ်ပြင်းပြနေခဲ့တာပေါ့။

ဒီဇာတ်ကားဟာ တိုက်ခိုက်ရေးခန်းတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ မိသားစု သံယောဇဉ်ကို မျှတအောင်ပေါင်းစပ်ထားပြီး၊ ချင်းချင်း ဟာ သူရဲ့ ကိုယ်ခံပညာနဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို သက်သေပြရင်း ဂိုဏ်းကို ဘယ်လိုကာကွယ်မလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမဲ့ ဇာတ်ကားပဲ ဖြစ်တာမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ပြောလိုက်ပါရစေ…

Kung Fu Lady Boss
Original title 清算
TMDb Rating 1 1 votes

Similar titles

Caramelo
All We Imagine as Light
State and Main
Bhaiyya Ji
Nemesis
The Old Guard 2
The One
Maryang Palad
Creation of the Gods II: Demon Force
Let Go
I Am What I Am 2
School of Youth: The Corruption of Morals

Leave a comment

Name *
Add a display name
Email *
Your email address will not be published