
Broken (2014)
***************
Broken ရုပ်ရှင်ဇာတ်ကားကတော့ ဖခင်တစ်ယောက်ရဲ့ ရင်ကွဲမတတ် ခံစားချက်တွေနဲ့အတူ တရားဥပဒေရဲ့ အားနည်းချက်၊ လက်စားချေလိုစိတ်နဲ့ လူသားချင်းစာနာမှုတို့ကြားက ပဋိပက္ခတွေကို
ရိုက်ကူးတင်ပြထားတဲ့ ရင်နင့်စဖွယ် Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ကြည့်ရှုသူတွေကို “ငါသာဆိုရင်ရော ဘာလုပ်မလဲ” ဆိုတဲ့ မေးခွန်းကို ဇာတ်လမ်းဆုံးတဲ့အထိ မေးခွန်းထုတ်သွားစေမှာပါ။
ဇာတ်လမ်းအကျဉ်း
*********************
ဇနီးသည် ဆုံးပါးသွားပြီးနောက် သမီးဖြစ်သူ ဆူဂျင်းနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ဖခင်ဆန်းဟျွန်းတစ်ယောက် တစ်နေ့မှာတော့ ကမ္ဘာပျက်မတတ် သတင်းဆိုးတစ်ခုကို ကြားလိုက်ရပါတော့တယ်။
အဲဒါကတော့ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးဟာ လူငယ်တစ်စုရဲ့ မတရားကျင့်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါပဲ။
တရားခံတွေကို ရှာမတွေ့သေးခင်မှာပဲ ဆန်းဟျွန်းဆီကို အမည်မသိ ဖုန်းနံပါတ်တစ်ခုကနေ တရားခံတွေရှိတဲ့နေရာကို Message ပို့ပေးလာတဲ့အခါမှာတော့…..
ဒီဇာတ်ကားမှာတော့ ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဥပဒေဘောင်အတွင်းက တရားမျှတမှုတို့ရဲ့ အားပြိုင်မှုကို သရုပ်ဆောင်ကြီး Jung Jae-young ရဲ့
ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ မြင်တွေ့ရမှာပါ။
ဇာတ်ရှိန်တက်လာတာနဲ့အမျှ ဝမ်းနည်းစရာကောင်းလှတာမို့လို့ စိတ်မကောင်းဖြစ်ရမဲ့ ဇာတ်ကားမျိုးကိုမှကြိုက်နှစ်သက်တယ်ဆိုရင်တော့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။