
Hadestown: The Musical (2026)
++++++++++++++
IMDb Rating (8.6) / Rotten Tomatoes (97%)
ဒါက ရှေးဟောင်းဂရိဒဏ္ဍာရီကို ၁၉၃၀ ပြည့်လွန်နှစ်တွေက စီးပွားပျက်ကပ်ခေတ်စတိုင်ဂီတ၊ အနုပညာနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ ကမ္ဘာကျော် Broadway Musical / Performance ရုပ်ရှင်ဖြစ်ပါတယ်။
အဓိကဇာတ်ကောင် အော်ဖီးယပ်စ် (Orpheus) ဟာ ဂီတနဲ့ ကမ္ဘာကြီးကို ပြန်လည်နွေးထွေးဆန်းသစ်အောင်ဖန်တီးနိုင်တဲ့ ပါရမီရှင်လူငယ်လေးဖြစ်ပြီး ဆင်းရဲဒုက္ခရောက်နေတဲ့ ကောင်မလေး ယူရီဒိုက်စ် (Eurydice) နဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အေးစက်လှတဲ့ရာသီဥတုဒဏ်ကို မခံနိုင်တော့တဲ့အခါ ယူရီဒိုက်စ်ဟာ စည်းစိမ်နဲ့လုံခြုံမှုပေးနိုင်မယ်လို့ ကတိပေးတဲ့ ဟေးဒီးစ် (Hades) ရဲ့ မြေအောက်စက်ရုံမြို့တော် “Hadestown” ဆီဆင်းသွားပြီး အလုပ်လုပ်ဖို့ စာချုပ်ချုပ်လိုက်ပါတယ်။
အချစ်တော်ယူရီဒိုက်စ်ကို ပြန်ကယ်ဖို့ အော်ဖီးယပ်စ်ဟာ အသက်အန္တရာယ်များတဲ့ မြေအောက်ကမ္ဘာ Hadestown အထိ လိုက်သွားခဲ့ပါတယ်။ သူ့ရဲ့ စည်းဝါးကျလှတဲ့သီချင်းသံနဲ့ Hades နဲ့ ပါစီဖုန်းနီ (Persephone) တို့ရဲ့ ပျောက်ဆုံးနေတဲ့အချစ်ကို ပြန်လည်နိုးထစေပြီး ယူရီဒိုက်စ်ကို အထက်ကမ္ဘာဆီ ပြန်ခေါ်ဆောင်နိုင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့တာ ဖြစ်ပါတယ်။
Tony Award ၈ ဆုအထိသိမ်းပိုက်ခဲ့ပြီး Best Musical (အကောင်းဆုံး ဂီတပြဇာတ်ဆု) နဲ့ Grammy Award တို့ကိုပါ ဆွတ်ခူးထားတဲ့ ကမ္ဘာ့အဆင့်မီ လက်ရာကြီးဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီ ကြိုက်သူတွေ၊ Jazz / Folk ဂီတသံစဉ်တွေကို နှစ်သက်သူတွေနဲ့ ရင်ထဲထိရှစေမဲ့ အချစ် ဒရမ်မာကားမျိုး ကြည့်ချင်သူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ ကားကြီးပါ။