
One Last Shot (2026)
+++++++++++
Boyka မင်းသားကြီး Scott Adkins နဲ့ အက်ရှင်မင်းသားကြီး Dolph Lundgren တို့ရဲ့ အက်ရှင်ကြမ်းကြမ်း One Last Shot ထွက်ရှိလို့လာပါပြီ…
ကြမ်းပေ့ ရမ်းပေ့ဆိုတဲ့ စစ်ဆင်ရေးအက်ရှင်ကားတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။
ဒီကားမှာတော့ Martial Arts တိုက်ကွက်ဆန်းတွေနဲ့ နာမည်ကြီးတဲ့ Boyka မင်းသားကြီး Scott Adkins ရဲ့ အလန်းစား တိုက်ကွက်တွေနဲ့အတူ အကြမ်းစား သေနတ်ပစ်ခတ်မှုတွေကို တစ်ပြိုင်နက်တည်း အပြည့်အဝ ရှုစားကြရမှာပါ။
ဒါ့အပြင် ဒါရိုက်တာ James Nunn ရဲ့ ထုံးစံအတိုင်း ပစ်ကြ၊ ခတ်ကြ၊ တိုက်ကြတာတွေကို ရပ်နားလိုက်တယ်လို့ မရှိဘဲ တစ်ကတ်တည်း တောက်လျှောက် ရိုက်ကူးထားသလို ခံစားရစေမဲ့ Continuous Single-Take Action ပုံစံနဲ့ ရိုက်ကူးထားတာမို့ စတင်ကြည့်ရှုချိန်ကနေ အဆုံးထိ အသက်ရှုဖို့ပင် မေ့လျော့သွားရလောက်အောင် ရင်ဖိုစိတ်လှုပ်ရှားစေမှာ ဖြစ်ပါတယ်။
One Shot Trilogy ရဲ့ သုံးကားမြောက် ဒီလက်ရာဟာ လက်မလွှတ်သင့်တဲ့ Tactical Action ရုပ်ရှင်ကားကောင်းတစ်ကား ဆိုတာ အာမခံပါတယ်။
ဇာတ်လမ်အကျဉ်း
++++++++++++
နိုင်ငံတော်ကို သစ္စာဖောက်သွားတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း ကာတာက နိုင်ငံတော်စစ်ဗိုလ်ချုပ်တွေရဲ့ ဇီဝအချက်အလက်တွေ အကုန်ပေါင်းမှသာ ဝင်ရောက်ခွင့် ရှိနိုင်တဲ့ အမေရိကန်ရဲ့ နျူကလီယားဒုံးကျည်စနစ်ကို ရယူပြီး အမည်မသိ ဝယ်လက်နိုင်ငံကို ရောင်းစားချင်တာပါ။
ဒါကြောင့်အမေရိကန် ဝါရှင်တန်ဒီစီမှာ နိုင်ငံတော်မိန့်ခွန်း ပြောကြားနေတုန်း နျူကလီးယားဗုံးငယ်တစ်လုံး ဖောက်ခွဲခံရပြီး အာဏာပိုင်တွေကို ပစ်မှတ်ထားနေကြောင်း သတင်းလွင့်လိုက်တဲ့အခါမှာ သမ္မတနဲ့ နိုင်ငံတော်အကြီးအကဲတွေအပါအဝင် စစ်ဗိုလ်ချုပ်တွေဟာ လျို့ဝှက်စခန်းတွေမှာ တိမ်းရှောင်ပုန်းအောင်းနေရပါတော့တယ်။
ကာတာက သူတို့ လျို့ဝှက်စခန်းတစ်ခုတည်းကို စစ်ဗိုလ်ချုပ်တွေ စုံစုံညီညီ လာရောက်ပုန်းခိုတဲ့အခါမှာ သူကြံစည်ထားသလို အားလုံးက သူ့လက်ခုပ်ထဲရောက်လာပါတော့တယ်။
ဒီလိုနဲ့ ကာတာရဲ့ ရဲဘော်ရဲဘက်ဟောင်းဖြစ်တဲ့ ဟဲရစ်ပါဝင်တဲ့ အသေခံစစ်ဆင်ရေးအဖွဲ့က ကာတာရဲ့ အကြံအတိုင်း မဖြစ်မြောက်သွားအောင် ဝင်ရောက်စီးနင်း တားဆီးဖို့ ဖြစ်လာပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။