
The Florist (2026)
++++++++
ဟောလိဝုဒ်နာမည်ကြီး မင်းသားကြီး Dennis Quaid နဲ့ ကမ္ဘာကျော် မင်းသားကြီး Jean Reno တို့ အဓိကပါဝင်အားဖြည့်ထားတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အက်ရှင် Thriller ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
+++++++++
ရိုင်ကာ နဲ့ ချာလီဟာ အထူးတပ်ဖွဲ့ဝင် စစ်သားဟောင်းတွေဖြစ်ကြပြီးတော့ အသက်ရလာတဲ့အချိန်မှာ ပန်းဆိုင်လေးဖွင့်ထားပြီး နောက်ကွယ်မှာတော့ ကြေးစားလုပ်ကြံသတ်ဖြတ်သမားတွေအဖြစ် လုပ်ကိုင်နေကြသူပါ။
တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ဟာ သူတို့မြို့ကိုရောက်ရှိလာပြီး ဂိုဏ်းတစ်ခုနဲ့ ပတ်သက်နေတဲ့ သူမရဲ့ အစ်ကိုဖြစ်သူကို လိုက်ရှာနေခဲ့ပါတယ်။
ဒီလိုနဲ့ ရိုက်ကာနဲ့ ချာလီတို့ဟာ ဂိုဏ်းတစ်ခုပိုင်တဲ့ ပြည့်တန်ဆာရုံတစ်ခုမှာ လူတစ်ယောက်ကိုရှင်းဖို့သွားရာကနေ တိုက်ဆိုင်ချင်တော့ အဲဒီကောင်မလေးလည်း အဲဒီနေရာကို ရောက်နေပြီး အဲဒီအမှုရဲ့ အဓိကမျက်မြင်သက်သေတစ်ယောက် ဖြစ်လာပါတော့တယ်။
ဒါကြောင့် အဲဒီပြည့်တန်ဆာရုံကိုပိုင်တဲ့ဂိုဏ်းက သူမကို ရှင်းပစ်ဖို့ ကြိုးစားလာတဲ့အခါမှာ ရိုင်ကာနဲ့ ချာလီက အပြစ်ရှိစိတ်ကြောင့် အဲဒီကောင်မလေးကို ကာကွယ်ပေးဖို့ကြိုးစားရာကနေ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။