
Fountain of Youth (2025)
(နတ်ရေကန် ရှာပုံတော်)
ဒါရိုက်တာ Guy Ritchie ရဲ့ လက်ရာကောင်းတစ်ခုလာပါပြီ။ နစ်ကလက်ကေ့ရဲ့ National Treasure စတိုင်မျိုးပါ။ Jack Ryan တို့ Quite Place တို့ရဲ့ မင်းသား John Krasinski နဲ့ မင်းသမီး နာတာလီ ပေါ့မန်းတို့ ပါဝင်ထားတာပါ။
ဒီလို ရှေးဟောင်းသုတေသီ ပဟေဠိကားမျိုး အထွက်ရှားတာကြောင့် ကြည့်ရတာ တန်မှာပါ။
ဇာတ်လမ်းအကျဉ်း
++++++++++
ကမ္ဘာကျော် ရှေးဟောင်းသုတေသီကြီးရဲ့ သားနဲ့သမီးဟာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာတဲ့နေရာမှာ ထူးချွန်သူတွေပါ။ တစ်နေ့မှာတော့ အသည်းကင်ဆာဖြစ်နေတဲ့ ဘီလီယံနာတစ်ယောက်ဟာ ထာဝရနုပျိုစေမဲ့ နတ်ရေကန်ကိုရှာနိုင်မဲ့ သဲလွန်စတွေနဲ့အတူ အကူအညီတောင်းလာပါတယ်။
တစ်ဘက်မှာလည်း နတ်ရေကန်ကို လူတွေမတွေ့အောင် စောင့်ရှောက်တဲ့အဖွဲ့ရှိနေသလို သူတို့ကိုလိုက်နေတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့လည်းရှိနေတာမို့ အန္တရာယ်တွေကြားထဲမှာ ဘယ်လို စွန့်စားခန်းတွေဖွင့်ရမလဲဆိုတာ ကြည့်ရမှာပါပဲ။