What's happening?

Video Sources 401 Views Report Error

  • Back In the Game (2026)Unknown resource
Back In the Game

Back In the Game

Jun. 23, 2026
Your rating: 0
7 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Back In the Game (2026)

Crime-Action ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ၂၀၂၆ ထွက် Gangster မူဗီလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးဟာ လူမိုက်လောကရဲ့ အာဏာ သစ္စာတရားနဲ့
သစ္စာဖောက်မှုတွေကြား ပိတ်မိနေတဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် … ပစ်ခတ်ခန်းတွေအက်ရှင်ခန်းတွေအပြင် စိတ်ခံစားချက်ပိုင်းကိုပါ အလေးထားထားလို့ ကြည့်ရတာ ပိုပြီး အသက်ဝင်စေမှာပါ။

ဒီကားရဲ့ အဓိကဇာတ်ကောင်နေရာမှာ ပရိသတ်တွေရဲ့ အချစ်တော် ဟောင်ကောင်မင်းသားကြီး Vincent Wong က ပါဝင်သရုပ်ဆောင်ထားပါတယ်…Vincent Wong ပရိသတ်တွေအတွက်တော့ အေးချမ်းတဲ့ဘဝကို ရှာဖွေနေတဲ့ လူတစ်ယောက်က အတိတ်ရဲ့ အရိပ်တွေကြောင့် လူမိုက်လောကထဲ ပြန်လည်ခြေချရတဲ့ ဇာတ်ရုပ်ကို ဘယ်လိုပုံဖော်ထားသလဲဆိုတာ
ကြည့်ရှုရမှာဖြစ်လို့ လက်မလွတ်သင့်တဲ့ ကားတစ်ကားဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်က ဂိုဏ်းဝင်အကြီးပိုင်းတစ်ယောက်ဖြစ်တဲ့ ကျားလဲ့ဟာ သူ့ညီအစ်ကိုအတွက် အပြစ်ကို ကိုယ်စားခံပြီး ထောင်ကျသွားခဲ့ပါတယ်။
ထောင်ကလွတ်လာပြီးနောက်မှာတော့ လူမိုက်လောကနဲ့ ဝေးဝေးနေပြီး အေးအေးချမ်းချမ်း ဘဝသစ်တစ်ခု စတင်ဖို့ ကြိုးစားပေမဲ့ ကံကြမ္မာက သူ့ကို ပြန်လည်ဆွဲခေါ်လာခဲ့ပါတယ်။

သူ့ရဲ့ အရင်ခေါင်းဆောင်က ဂိုဏ်းကို သူ့လက်ထဲအပ်ချင်နေချိန်မှာ ကျားလဲ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကြောင့် အာဏာရလာတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့ ပြန်လာခြင်းကို အန္တရာယ်တစ်ခုအဖြစ် မြင်နေခဲ့ပါတယ်။
အာဏာလုမှုတွေ လျှို့ဝှက်ချက်တွေ အတိတ်က အကြွေးဟောင်းတွေကြားမှာ ကျားလဲ့ဟာ ရှောင်လွှဲဖို့ ကြိုးစားရင်းနဲ့ပဲ နောက်ဆုံး လူမိုက်လောကထဲ ပြန်အခြေချရတဲ့ အခြေအနေကို ရောက်လာပါတယ်။

အတိတ်က အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ဖို့နဲ့ မပြီးဆုံးသေးတဲ့ အကြွေးတွေကို ရှင်းဖို့ သူဟာ တစ်ဖန် လက်နက်ကို ပြန်ကိုင်ရပါတော့တယ်။

အက်ရှင်ခန်းတွေ Gangster ဒရာမာတွေ Plot Twist တွေနဲ့ အတိတ်လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်သွားတဲ့ ဇာတ်လမ်းမျိုးကြိုက်တဲ့ ကြည့်ရှုသူပရိသတ်တွေအတွက် ဒီကားလေးက အရသာတွေ့စေမှာပါ။

Back In the Game
Original title 重出江湖
TMDb Rating 1 1 votes

Director

Director

Cast

Similar titles

In the Grey
Place of Bones
Safe House
Lone Wolf McQuade
Hellboy
Trap House
Prisoner of War
E-Sarn Zombie
Manila’s Finest
Bhaiyya Ji
Taya
Ziam

Leave a comment

Name *
Add a display name
Email *
Your email address will not be published