
Reawakened Man: The Red (2026)
***********************************
IMDb Rating (6.9)
သေဆုံးလေလေ ပိုပိုကြမ်းလာမဲ့ မင်းသား Koo Kyo-Hwan ရဲ့ Webtoon-based စွမ်းအားရှင် အက်ရှင်ကားသစ်လေး ထွက်ရှိလာပါပြီ။
D.P. မှာ Koo Kyo-Hwan နဲ့ အတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား Shin Seung-Ho, Extraordinary Attorney Woo ထဲက မင်းသား Kang Ki-Young, If Wishes Could Kill ထဲက မင်းသမီးလေး Kim Si-A တို့ကို မြင်တွေ့ရမဲ့အပြင် လက်ရှိပြသနေတဲ့ 100 Days of Deception ထဲက အလှလေး Kim You-Jung နဲ့ A Bona fide Killer ထဲက မင်းသား Jung Jun-won တို့ကလည်း cameo အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
ဇာတ်လမ်းလေးကတော့…
အသက်က ၃၀ ကျော်လာပြီဆိုပေမဲ့ အလုပ်အင်တာဗျူးတွေ ထပ်ပြန်တလဲလဲ ကျနေတဲ့ ဆော့ဟွမ် (Koo Kyo-Hwan)…
ဒီနေ့မှာလည်း အင်တာဗျူးကျလို့ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာရင်း နေအိမ်မှာစောင့်ကြိုနေတဲ့ မသင်္ကာဖွယ်လူတစ်စုရဲ့ တိုက်ခိုက်မှုကိုခံရပြီး အသက်ပျောက်သွားခဲ့ရပါတော့တယ်။
ဒါပေမဲ့ သေဆုံးပြီး ၃ ရက်ကြာတိုင်းမှာ အသက်ပြန်ရှင်လာနိုင်တဲ့ သဘာဝလွန်စွမ်းအားရှိနေတဲ့ ဆော့ဟွမ်ကတော့ ဘာမှမဖြစ်ခဲ့တဲ့အလားပဲ မျက်လုံးပြန်ပွင့်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဒီစွမ်းအားအကြောင်းကို သိထားတဲ့ Black (Shin Seung-Ho) ဦးဆောင်တဲ့ လူတစ်စုက ဆော့ဟွမ်ကို ရေကုန်ရေခန်း လိုက်လံဖမ်းဆီးရာမှာတော့…
ဒီကြားလည်းမကြားဖူး မြင်လည်းမမြင်ဖူးတဲ့ ဆန်းဆန်းပြားပြားစွမ်းအားက ဘယ်ကနေ အရင်းခံဖြစ်တည်လာတာများလဲ…
ချဉ်းကပ်လာတဲ့ ရန်သူတွေကိုရော ဆော့ဟွမ်က ဘယ်လိုမျိုး ရင်ဆိုင်နှိမ်နင်းသွားမလဲ…
သေမှာကိုပူနေစရာမလိုတဲ့အတွက် အပီကြမ်းပြသွားမဲ့ ဆော့ဟွမ်ရဲ့ အက်ရှင်ခန်းတွေကို ကြည့်ရှုဖို့အတွက် အခုချက်ချင်းသာ ကြည့်လိုက်ကြပါတော့နော်။