
Dhurandhar: the Revenge (2026) ကလဲ့စား
အားလုံးစောင့်မျှော်နေကြတဲ့ ရန်ဗီးရ်ဆင်းဂ်ရဲ့ အကြမ်းပတမ်း အက်ရှင်ဇာတ်လမ်း Dhurandhar ရဲ့ အဆက်ရုပ်ရှင် ထွက်ရှိလို့လာပါပြီ။ ပထမကားနဲ့ သိပ်မကွာဘဲထွက်လာပေမဲ့ ဒီအဆက်ရုပ်ရှင်ဟာလည်း ရုံတင်ငွေ ကုဋေ ၁၈၀၀ နီးပါးရထားပြီး အကြီးအကျယ်ဆက်အောင်မြင်နေဆဲပါပဲ။
ဇာတ်လမ်းကတော့ ပထမရုပ်ရှင်အပြီးကို တိုက်ရိုက်ဆက်ထားသလို ဟမ်ဇာရဲ့ ဇာတ်နာလှတဲ့ တကယ့်ဘဝကိုလည်း ပြန်ပြီးတူးဆွပြထားပါသေးတယ်။ ဟမ်ဇာတစ်ယောက် ရေမန်ဒါကိတ်မရှိတော့တဲ့နောက်ပိုင်း လှည့်ကွက်တွေသုံးပြီး လိုင်ယာရီရဲ့ပုလ္လင်ပေါ်တက်နိုင်ဖို့ ဘယ်လိုဘယ်ပုံကြိုးစားမယ်၊ နိုင်ငံနဲ့ချီတဲ့ အကြမ်းဖက်ကြိုးပမ်းမှုတွေကို ဘယ်လိုဖြေရှင်းမယ်၊ ဂျက်စကီရတ်ဆိုတဲ့ ပန်ချာပီကောင်လေးဘဝကနေ လိုင်ယာရီရဲ့ဘုရင် ဟမ်ဇာအလီမာဇာရီ ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို အရင်ကားထက်မလျော့တဲ့ ဇာတ်လမ်း၊ အက်ရှင်တွေနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။