
Animales (2026)
—————–
လူတွေရဲ့ ဆန္ဒတဏှာတွေကြားမှာ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားကြရင်း စစ်မှန်တယ်လို့ ထင်ရတဲ့ ဆက်ဆံရေးတွေတောင် လွယ်လွယ်နဲ့ ပြိုပျက်သွားနိုင်ကြောင်း” ကို စပိန် စတိုင်အတိုင်း ခပ်ကြမ်းကြမ်းပြကွက်တွေနဲ့ရိုက်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်
ဇာတ်လမ်းကတော့ မတူညီတဲ့ ဘဝနောက်ခံအသီးသီးရှိကြတဲ့ စုံတွဲ ၄ တွဲအကြောင်းကနေ စတင်ထားတာပါ။ သူတို့ဟာ စိမ်းကားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ရာဂတဏှာ ကြောင့် တင်းမာနေတဲ့ ဆက်ဆံရေးတွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။
အမှန်တရား ဆိုတာ သူတို့ရဲ့ ဆက်ဆံရေးတွေလိုပဲ အချိန်မရွေး ပျက်စီးသွားနိုင်တဲ့ ယိမ်းယိုင်နေတဲ့ ကမ္ဘာကြီးထဲမှာ… ဒီစုံတွဲ လေးတွဲဟာ စစ်မှန်တဲ့ အချစ်ကို ရှာဖွေဖို့နဲ့ ရာဂဆန္ဒတွေနောက် လိုက်ပါဖို့ကြားက သိမ်မွေ့လှတဲ့ စည်းဝိုင်းပေါ်မှာ လျှောက်လှမ်းကြပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားတဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာတဲ့အခါမှာတော့… သူတို့ရဲ့ အချစ်ရေးနဲ့ ဘဝတွေ ဘယ်လိုမျိုး အလှည့်အပြောင်း ဖြစ်သွားမလဲဆိုတာကို ရင်တမမ ရှုစားကြရမှာ ဖြစ်ပါတယ်။