
Demon Slayer: Kimetsu no Yaiba – The Movie 3: Infinity Castle (2025)
————————————————————————————
IMDB – 8.5/10
ဒီနှစ်ထဲမှာ အကြမ်းဆုံး ရုံတင်ဝင်ငွေအများဆုံး လူကြိုက်အများဆုံးဆိုတဲ့ Demon Slayer Infinity Castle ရုပ်ရှင် အကြည်တစ်ဆင့် ထွက်လာခဲ့ပါပြီ။ အဲဒါကြောင့် အမြန်ဆုံး တင်ဆက်ပေးလိုက်ရပါတယ်ဗျာ..။
Muzan ရဲ့ Infinity ဝင်္ကပါရဲတိုက်ကြီးထဲကို ပြုတ်ကျသွားကြတဲ့ Demon Slayer Corp အဖွဲ့သားတွေက ဘယ်သူတွေက ဘယ်ကောင်တွေနဲ့တွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ ဒီ ရုပ်ရှင်ထဲမှာတော့ အဓိကတိုက်ပွဲ ၃ ပွဲကို မြင်ရမှာ ဖြစ်ပြီး Shinobu Vs Doma (Upper Rank 2) ရယ် Zenitsu Vs Kaigaku (Upper Rank 6) ရယ် Tanjiro + Giyu Vs Akaza (Upper Rank 3) တို့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။
Battle တိုင်းကို ရှယ်လှတဲ့ Animation တွေနဲ့ ခံစားရမှာဖြစ်ပြီး နောက်ခံတေးဂီတတွေဆိုတာလည်း ကြည့်ရင်းနဲ့ ကြက်သီးတွေတဖွားဖွား ဖြစ်လာစေမှာမို့ ရုံတင်တုန်းက မကြည့်လိုက်ရသေးတဲ့လူတွေရော ကြည့်ပြီးလို့ နောက်တစ်ခါ ပြန်ခံစားချင်သူတွေရော အပြေးကြည့်လိုက်ကြပါတော့လို့ပြောရင်း နိဂုံးချုပ်ပါရစေ…။