What's happening?

Video Sources 386 Views Report Error

  • Horror Story (2023)Unknown resource
Horror Story

Horror Story

Nov. 17, 2023Poland105 Min.n/A
Your rating: 0
5 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကား ဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာ သရဲတို့ လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာမလို့ပဲ ဖြစ်ပါတယ်။ အဲဒီ ကြောက်စရာကောင်းလွန်းတဲ့အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင်မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။

ဒီအတိုင်းကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုက ဘာမှအရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့ သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးကသည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။ အဲဒီအကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲမြင်ယောင်လာအောင် ဒီဇာတ်ကားက တိုမက်ဆိုတဲ့လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူးပြသထားပါတယ်။

တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ်ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ စျေးသက်သာတဲ့ နေရာလေးတစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှုတွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ်ခဲ့ပါတော့တယ်။ အဲဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲတကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေးသာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော်အခက်အခဲတွေ့နေပါတော့တယ်။ အဲဒီအပြင်ကိုမှ သူအရမ်းချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း အလုပ်ရှိအကိုင်ရှိစီးပွားရေးသမားနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်းကြားလာရတဲ့အခါမှာတော့ တိုမက်ရဲ့ဘ၀မှာ အလုပ်မရှိအကိုင်မရှိပိုက်ဆံမရှိမှုက လက်တွေ့လောကရဲ့သည်းထိပ်ရင်ဖို ဇာတ်လမ်းစစ်စစ်ဖြစ်နေကြောင်းကို အတွေးတစ်မျိုးနဲ့ရိုက်ကူးတင်ဆက်ထားတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

Horror Story
Horror Story
Original title Horror Story
IMDb Rating 6.2 103 votes
TMDb Rating 6 8 votes

Similar titles

The Life Aquatic with Steve Zissou
Prom Dates
Sweet Dreams
The Intern
The Art of Seduction
Kick the Moon
Trespassers
Beau Is Afraid
Hisaab Barabar
No Hit Wonder
Camp Crasher
The Infallibles

Leave a comment

Name *
Add a display name
Email *
Your email address will not be published