What's happening?

Video Sources 443 Views Report Error

  • Keshava Chandra Ramavath (2024)Unknown resource
Keshava Chandra Ramavath (KCR)

Keshava Chandra Ramavath (KCR)

Nov. 22, 2024India133 Min.n/A
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

KCR(2024) ယုံကြည်ရာဆီသို့

သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။
တောရွာလေးတွေရဲ့ထုံးစံအတိုင်း သူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။ တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။

ဒီလိုနဲ့ စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။

အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကို သားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။

သူတို့ရဲ့ဘဝဟာ ဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့ စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊
ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။

တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်း ဂရုစိုက်ခံရလေရဲ့။

ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော ဘယ်လိုတားဆီးပိတ်ပင်မလဲ? ထောက်ပံ့အားပေးမလဲ? မန်ဂျူကရော ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။

Keshava Chandra Ramavath (KCR)
Original title Keshava Chandra Ramavath
IMDb Rating 7.4 59 votes

Director

Director

Cast

Similar titles

Maryang Palad
The Truth is Murky
Ek Kori Prem Katha
Las Ilusyunadas
Blood Father
Tusok Tusok
The Cut
Bushido
Scarlet Innocence
Romeo Ingkar Janji
Shogun’s Ninja
Let Go

Leave a comment

Name *
Add a display name
Email *
Your email address will not be published