What's happening?

Video Sources 1941 Views Report Error

  • Watch traileryoutube.com
  • Samurai Fury (2025)Unknown resource
Samurai Fury

Samurai Fury

Jan. 17, 2025n/A135 Min.n/A
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

“Samurai Fury (2025)” ဟာ ၂၀၂၅ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ဂျပန်သမိုင်းနောက်ခံ အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဒါရိုက်တာ Yu Irie က ရိုက်ကူးထားပြီး နာမည်ကျော် မင်းသား Yo Oizumi က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ထားပါတယ်။
ဒီဇာတ်ကားဟာ Ryosuke Kakine ရဲ့ နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းက ၁၅ ရာစု ဂျပန်နိုင်ငံ ကျိုတိုမြို့ (Kyoto) မှာ ဖြစ်ပွားခဲ့တဲ့ အိုနင်စစ်ပွဲ (Onin War) ရဲ့ အစောပိုင်းကာလကို ပုံဖော်ထားတာပါ။

အဲဒီအချိန်က အကြီးအကျယ် ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပွားနေပြီး လူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူတွေကတော့ ကိုယ့်အပျော်အပါးနဲ့ကိုယ်ပဲ ရှိနေပြီး ပြည်သူတွေကို လုံးဝဂရုမစိုက်ကြပါဘူး။

ဒီလို ဖရိုဖရဲ ကာလမှာပဲ ဟာဆူဒါ ဟိုအဲ (Hasuda Hyoe) ဆိုတဲ့ ရိုနင် (သခင်မဲ့ဆာမူရိုင်း) (Ronin) တစ်ယောက် ပေါ်ထွက်လာပါတယ်။ သူဟာ ဆင်းရဲသားပြည်သူတွေနဲ့ ခိုးသားအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ဖောက်ပြန်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို တော်လှန်ပုန်ကန်ခဲ့ပါတယ်။

ဇာတ်ကားထဲမှာ ဟိုအဲရဲ့ ခေါင်းဆောင်မှု သူတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ သစ္စာဖောက်မှု မိတ်ဆွေဖွဲ့မှု စတာတွေကို အနုစိတ် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့ အားသာချက်ကတော့ ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်မှု ကောင်းမွန်တာပါပဲ။ ဖောက်ပြန်တဲ့အုပ်ချုပ်ရေးစနစ်ကို ပြည်သူလူထုက ပုန်ကန်တဲ့ ဇာတ်လမ်းဟာ ဘယ်ခေတ်ဘယ်အခါမဆို

သက်ဆိုင်နေတဲ့အတွက် ရုပ်ရှင်ကြည့်ပရိသတ်ကို ဆွဲဆောင်နိုင်ပါတယ်။ အက်ရှင်ခန်းတွေ၊ ဓားခုတ်တိုက်ပွဲတွေကလည်း ကြည့်ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

မင်းသား Yo Oizumi ဟာ ဟိုအဲရဲ့ နေရာမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားနိုင်ပြီး စရိုက်သွက်လက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ ဇာတ်ကောင်ကို ပီပြင်အောင် ပုံဖော်နိုင်ခဲ့ပါတယ်။ တခြား ဇာတ်ပို့မင်းသားတွေဖြစ်တဲ့ Kento Nagao နဲ့ Shinichi Tsutsumi တို့ရဲ့ ပါဝင်မှုကလည်း ဇာတ်ကားကို ပိုပြီး အသက်ဝင်စေခဲ့ပါတယ်။

ခြုံပြီးပြောရရင်တော့ “Muromachi Burai” ဟာ သမိုင်းနောက်ခံ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပြီး၊ ရိုက်ချက်တွေ လှပသလို ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ဂျပန်သမိုင်းနဲ့ ဆာမူရိုင်းကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Samurai Fury
Samurai Fury
Samurai Fury
Samurai Fury
Samurai Fury
Samurai Fury
Samurai Fury
Samurai Fury
Original title 室町無頼
IMDb Rating 6.0 10 votes
TMDb Rating 8.4 19 votes

Similar titles

Hitman: Agent Jun
Conquer: Lahad Datu
Agen +62
Predator: Killer of Killers
The 47
Lone Wolf McQuade
Rautu ka Raaz
Romeo Ingkar Janji
Flying Swords of Dragon Gate
Codename: Devil
When I’m Ready
The Smashing Machine

Leave a comment

Name *
Add a display name
Email *
Your email address will not be published