
Summer Snow (2015)
********************
IMDb. 6.7/10
ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ healing movie လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.. Omnibus flim အမျိူးအစားဖြစ်ပြီး ရုပ်ရှင်တစ်ကားတည်းမှာပဲ မတူညီတဲ့ ဇာတ်လမ်း ၃ မျိုးကို ကြည့်ရှုခံစားရမှာပါ…
ဒီကားလေးမှာတော့ ချန်ဂင်ကားထဲမှ မင်းသားကြီး Ji Jin Hee, A Love Other than Yours မှ Seo Kang Jun, Monster ထဲမှ Sung Yoo Ri, The Fiery Priestထဲမှ Kim Sung Kyun တို့အပြင် အခြားသော သရုပ်ဆောင်များလည်းပါဝင်ပါတယ်။
မြောင်ဟွမ် (Ji Jin Hee)ကတော့ စုံထောက်တစ်ဦးဖြစ်ပြီး မကြာသေးခင်ကမှ ဇနီးဖြစ်သူကွယ်လွန်သွားကာ ၆ နှစ်အရွယ်သမီးလေးဖြစ်သူနဲ့အတူ အဖေတစ်ခုသမီးတစ်ခု ဘဝနဲ့နေထိုင်နေသူပါ…တစ်နေ့မှာတော့ သမီးလေးနဲ့ ငါးပြတိုက်သွားမယ်လို့ ချိန်းဆိုထားခဲ့ပေမဲ့ အလုပ်များနေတာကြောင့် အချိန်မီမသွားနိုင်ခဲ့ပါဘူး။ အဖေဖြစ်သူ အလာကိုစောင့်နေတဲ့သမီးလေးဟာ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတော့တယ်။ သမီးဖြစ်သူသေဆုံးမှူအပေါ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့ပြီး ကားတိုက်ပြေးသူကို ရေကုန်ရေခမ်း လိုက်လံဖမ်းဆီးဖို့ ကြိုးစားပါတော့တယ်။
ဟန်ဆောဂျောင်း(Sung Yoo Ri)ဟာ တက်သစ်စမင်းသမီးတစ်ဦးဖြစ်ပြီး သူရဲ့ဒေါသကြီးတဲ့ စရိုက်ကို သည်းခံနိုင်သူကလည်း ကိုယ်စားလှယ် ဟောထယ်ယောင်း (Kim Sung Kyun)တစ်ဦးတည်းသာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဟောထယ်ယောင်းဟာ ဟန်ဆောဂျောင်းက တွဲဖက်မင်းသားဖြစ်သူနဲ့ တွဲနေတာကိုသိသွားပြီး မလိုလားအပ်တဲ့ပြသနာတွေ မဖြစ်လာအောင် ခွဲဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း ဟောထယ်ယောင်းဟာ သူ့မှာ ရှင်သန်ဖို့ ရက် ဘယ်လောက်မှ မကျန်တော့တာကို သိလိုက်ရပြီးနောက်မှာတော့ ခံစားချက်ကိုမြိုသိပ်ကာ ဟန်ဆောဂျောင်းအတွက် စိတ်ချရတဲ့အနာဂတ်ကို ထားခဲ့ပေးနိုင်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။
ချွဲဂန်ချီဟာ လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ရောဂါတစ်ခုကြောင့် ဆေးရုံတက်နေသူပါ။ ဆေးရုံမှာရှိတဲ့ ပရိသတ်တွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း နေ့ရက်တွေကို သာသာယာယာဖြတ်သန်းနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူငယ်ချင်းဟောင်းတဖြစ်လဲ ပြိုင်ဘက်ဟောင်းဖြစ်သူ ဟုန်းဂျုံဂူကလည်း ဆေးရုံကို ရောက်လာခဲ့ပြီး နှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့ အတိတ်တွေ တစ်စတစ်စပေါ်ထွက်လာပါတော့တယ်။
မိဘနဲ့သားသမီး, ချစ်သူရည်းစား, သူငယ်ချင်းသံယောဇဥ် ၃ မျိုးလုံးကို ရုပ်ရှင်တစ်ကားတည်းမှာပဲ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေ ခံစားရမှာမို့လို့ အခုပဲကြည့်ရှုခံစားလိုက်ရအောင်နော်။