What's happening?

Video Sources 370 Views Report Error

  • Watch traileryoutube.com
  • The House (2024)Unknown resource
The House

The House

May. 01, 2024Spain81 Min.n/A
Your rating: 0
8 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

စပိန်ရုပ်ရှင်ပါ။ သူ့နာမည်က မြန်မာလိုဆို အိမ်။ အိမ်ဆိုတာ နေရာတစ်ခုကို ရည်ညွှန်းတတ်တာလည်းရှိတယ်။ အိမ်ဆိုတာ ကိုယ့်အတွက် နွေးထွေးတဲ့ အခြေအနေတစ်ခုကို ရည်ညွှန်းတတ်တာလည်းရှိတယ်။ ဒီရုပ်ရှင်က အိမ်ဆိုတာကတော့ အဲဒီနှစ်ရပ်စလုံးကို ရည်ညွှန်းထားတဲ့ စကားလုံးပါပဲ။

ဒီရုပ်ရှင်မှာ သူတို့အိမ်ကိုတင်ဆက်သွားပုံက အိမ်မဟုတ်တော့တဲ့အိမ်ရဲ့ အိမ်ဖြစ်လာစေခြင်းကိုတင်ဆက်ပြီး အိမ်ဆိုတာကို သဘာဝကျကျနဲ့ လိုအပ်တာထက်လည်း ပိုမနွေးထွေး လိုအပ်တာထက်လည်း ပိုမအေးစက်ပဲ ရိုက်ပြသွားတဲ့ပုံစံပါပဲ။

မိသားစုတစ်စုရဲ့ ကနဦးအိမ်လေးတစ်အိမ်ရှိတယ်။ အဲဒီအိမ်လေးကနေ ကလေးတွေက အရွယ်ရောက်လာတာနဲ့အမျှ ထွက်သွားလိုက်ကြတာ နောက်ဆုံး အိမ်ရဲ့ပိုင်ရှင် အဘိုးကြီးအဘွားကြီးလင်မယားကပါ မြို့ပေါ်တက်နေပြီး အိမ်လေးဆီ ရံဖန်ရံခါပဲရောက်ဖြစ်တော့တဲ့အထိပဲ။

အဲဒီအိမ်ကို အဘိုးကြီးက ခဏခဏရောက်ဖြစ်ပေမဲ့ ကျန်တဲ့လူတွေကတော့ မလာဖြစ်သလောက်ပဲ မိဘတွေဆီလည်း မလာခဲ့ကြဘူး။ အဘွားကြီးသေသွားပြီးတဲ့နောက် အဘိုးကြီးက အဲဒီအိမ်မှာ ခဏခဏသွားနေခဲ့တယ်။ ဒီဇာတ်လမ်းကတော့ အဘိုးကြီးသေတဲ့အချိန်ကနေ စပြထားတယ်။ သူသေတော့ သူ့သားသမီးတွေက သူ့အိမ်ကိုရောင်းဖို့ အဲဒီအိမ်အိုဟောင်းကိုလာပြီး ဆုံဖြစ်ကြရာကနေ သွေးအေးသွားတဲ့မိသားစုတွေရဲ့အမှတ်တရတွေကို အိမ်အဟောင်းက နွေးစေခဲ့ပုံကို ပြထားတဲ့ရုပ်ရှင်ပါပဲ။ဒါပေမဲ့ အတင်းကြီးလုပ်ယူပြီး ပြထားတာမဟုတ်လို့ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရတဲ့အတိုင်း ကြည့်ကောင်းတဲ့ရုပ်ရှင်ပါပဲ။

The House
The House
The House
The House
The House
The House
The House
The House
The House
Original title La casa
IMDb Rating 7 756 votes
TMDb Rating 6.939 41 votes

Similar titles

The Great Lillian Hall
1987: When the Day Comes
The End of the Tour
School of Youth: The Corruption of Morals
Strange Things in Western Hunan
Six Each
Rule Breakers
Blood Father
When I’m Ready
Tusok Tusok
Queer
Old Cannon Suicide Squad

Leave a comment

Name *
Add a display name
Email *
Your email address will not be published