What's happening?

Video Sources 706 Views Report Error

  • Watch traileryoutube.com
  • The Intern (2015)Unknown resource
The Intern

The Intern

Experience never gets old.Sep. 23, 2015121 Min.
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

The Intern (2015)

IMDb – 7.1/10

***********************************

ပုံမှန်အားဖြင့် ကျွန်တော်က ရုပ်ရှင်ကြည့်ရင် drama, comedy တွေ ကြည့်လေ့ မရှိဘူး။ ပျင်းတာကိုး။ ဒါပေမဲ့ ဒီနှစ်ပိုင်းထဲမှာ drama တွေဘက်ကို စိတ်ရောက်တယ်။

အချစ်ကားတွေထက် လူတွေရဲ့ ကြိုးစား အားထုတ်မှုတွေကိုထုတ်ပြတဲ့ ဇာတ်လမ်းတွေကို သဘောကျနေတော့တာကိုး။ ဒီ The Intern ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်မိတာကလည်း အဲဒီလိုက စတာပဲ။

သူ့ဇာတ်လမ်းအကျဉ်းကတော့…..

Ben Whitaker ဆိုတဲ့ အသက် ၇၀ အရွယ် မုဆိုးဖိုတစ်ဦးဟာ သူ့ကျန်တဲ့ ဘဝမှာ ဘာလုပ်ရမှန်းမသိဘဲ ယောင်ချာချာဖြစ်နေတုန်း…About The Fit ဆိုတဲ့ online shopping company ကနေလုပ်တဲ့ senior intern program မှာ သွားပြီး အလုပ်လျှောက်ခဲ့တယ်။

အဲဒီမှာ အရမ်းကြိုးစား အရမ်းအလုပ်ပေါ်မှာ စေတနာထားပြီး မိသားစုနဲ့ အလှမ်းကွာလို့ အလုပ်မှအလုပ်ဖြစ်နေတဲ့ သူဌေးမ Jules Austin နဲ့ တွေ့မိကြပြီး အလုပ်တူတူတွဲလုပ် အကူအညီပေးကြလေသတည်းပေါ့လေ။

ဒီဇာတ်လမ်းကို genre ခွဲတော့ comedy ထဲ ထည့်ထားတယ်။

ဒါပေမဲ့ ကြည့်ပြီးသွားတော့ မရယ်မိတဲ့အပြင် ခေါင်းထဲ တွေးစရာတွေ တစ်ပုံကြီး ဝင်လာတယ်ရယ်။ မုဆိုးဖို Ben ဟာ အသက် ၇၀ ရှိပြီ။ သူအရင်က တယ်လီဖုန်း လမ်းညွှန်စာအုပ်တွေ ထုတ်တဲ့ဆီမှာ အနှစ် ၄၀ လောက် အလုပ် လုပ်ခဲ့တယ်။ အငြိမ်းစားယူတော့ သူ့ရာထူး က Vice President…

သူ အနားယူပြီးတော့ သူ့မှာ ဘာမှပူပင်စရာ မရှိဘူး။ ငွေကြေးအရလည်း ပြည့်စုံတယ်။ သူ့သား မိသားစုကလည်း သူ့ကိုလိုလားတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ သူငယ်ချင်းတွေလည်း ရှိတယ်။ သူ့ကိုကြိုက်နေတဲ့ အဖွားကြီးတောင် ရှိလိုက်သေး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပဲ။ ဘာမှ လုပ်စရာမရှိဘူး ဖြစ်နေတာ။ အဲဒီအချိန်မှာ ဒီ senior internship program ကို သူသွားတွေ့တယ်။ သူ အလုပ်လျှောက်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဘာမှမလုပ်ဘဲ နေနေရတဲ့ ဘဝကြီးကို သူငြီးငွေ့ လို့။

အလုပ်ပြန်လုပ်ရတော့မယ် ဆိုတော့ သူပျော်သွားတယ်။ စဉ်းစားမိတာကတော့ ဒီ senior internship လို အစီအစဉ်လေးတွေ များများရှိရင် ကောင်းမယ်လို့။ သိပ်ပြီး မပင်ပန်းတဲ့ အလုပ်မျိုးပေါ့။ Physical ထက် intellectual အလုပ်မျိုးတွေ။ ဒီ ပင်စင်စားကြီးတွေမှာ အနှစ် ၃၀ ၄၀ လောက်ရှိတဲ့ အတွေ့အကြုံတွေ ရှိနေတယ်လေ။ လုပ်ငန်းအတွေ့အကြုံကို ပြောတာမဟုတ်ဘူးနော်။ ဘဝ အတွေ့အကြုံတွေ။ ဘယ်လိုကိစ္စကို ဘယ်လိုဖြေရှင်းရမယ်။ ဘယ်လို ပြဿနာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာမျိုးက သူတို့တွေမှာ အထွေအထူး စဉ်းစားနေစရာ မလိုတော့ဘူး။

ပင်စင်စားတွေဘက်က ကြည့်တော့လည်း ကိုယ် အနှစ် ၃၀ ၊ ၄၀ လောက် အလုပ် လုပ်လာပြီးမှ နောက်နေ့ ရုံးကို လာစရာမလိုတော့ဘူးဆိုရင် ဘယ်လိုနေမလဲ။ ကိုယ်တွေဆီမှာကတော့ စိတ်ပုတီးနဲ့ ရိပ်ကြီး ခိုကြတာပဲ။ ဒါကလည်း အမြဲတမ်း လုပ်နိုင်သလား၊ လူတိုင်း လုပ်နိုင်သလားဆိုတော့ မလွယ်ပေဘူး။ အဲဒီတော့ ဘာဖြစ်သလဲ… သားတွေ သမီးတွေဆီ သွားနေ။ မြေးထိန်း အိမ်မှုကိစ္စတွေ ဝိုင်းလုပ်။ အိမ်ဖော်တွေ နဲ့ ရန်ဖြစ်။ အတင်းတုပ်။ ဒါတောင် အဖွားကြီးဆိုတော့ လုပ်လို့ ကောင်းသေးတယ်။ အဖိုးကြီးတွေဆို ဘယ်လိုလုပ်ရပါ့။

သူတို့ ဘော်ဒါတွေနဲ့ အာရိုက်၊ လမ်းလျှောက်၊ ဒါပဲ လုပ်ရတော့မှာ။ ဒီလိုကြီး နေသွားရမှာထက်စာရင် အလုပ်လေးတစ်ခုခုကို ပေါ့ပေါ့ပါးပါးလေးလုပ်ပြီး ကိုယ့်ကိုယ်ကို occupied ဖြစ်နေတာက ပိုကောင်းသလားပဲ။ ကိုယ်နဲ့ ကိုက်ညီ တဲ့အလုပ်၊ ကိုယ်လုပ်နိုင်တဲ့ အလုပ်မျိုးလည်း ဖြစ်ရမပေါ့။ (များသောအားဖြင့် intern program ဆိုတာတွေကတော့ လိုအပ်ချက်တွေ သိပ်မရှိပါဘူး)

Jules ဘက်ကနေတော့ သိပ်ပြီးပြောစရာ မရှိပါဘူး၊ အမျိုးသမီး စွမ်းဆောင်ရှင် ဆိုပါတော့။ အလုပ်အရမ်းလုပ်ပြီး မိသားစုကို အချိန်သိပ်မပေးနိုင်တဲ့ ဇာတ်ကောင်တစ်ကောင်ပေါ့လေ။ ဒါပေမဲ့ သူ့ရဲ့ အလုပ်ပေါ်မှာ စေတနာထားတာတွေကိုတော့ လေးစားမိပါတယ်။

ဒီဇာတ်လမ်းထဲက အထူးခြားဆုံးလို့ ယူဆမိတဲ့ ဇာတ်ကောင်ကို ပြောပါဆိုရင်တော့ Jules ရဲ့ အမျိုးသား Matt ကို ပြောရမှာပဲ။ သူက stay-at-home dad။ ဘာအလုပ်မှ မလုပ်ဘူး၊ အိမ်မှာပဲ အိမ်မှုကိစ္စလုပ် ကလေးထိန်း လုပ်တယ်။ကိုယ်စွမ်းကိုယ်စ မရှိလို့ မဟုတ်ဘူးနော်။ သူ့ မိန်းမရဲ့အလုပ်ကို support လုပ်တဲ့အနေနဲ့ သူက လက်ရှိ အလုပ်ကနေထွက်ပြီး အိမ်မှာပဲ နေနေပေးတာ။

ဆိုတော့…

ဇာတ်ပေါင်းသော် ဒီကားကို အချိန်ရမယ်ဆိုရင် ကြည့်ကြည့်ကြပါလို့။

ဟဲဗီး ဒရာမာလည်း မဟုတ်၊ ငိုစရာတွေ ရယ်စရာတွေလည်း အရမ်းကြီး မပါ။ ဒါပေမဲ့ ကြည့်ပြီးရင်တော့ တွေးစရာတွေ အများကြီး ရသွားမှာပါ။ IMDb rating ကတော့ (7.1/10) တောင် ရထားတာ။

(ရုပ်ရှင်အညွှန်းကို mandalaygazette.com မှဂျက်စပဲရိုး ရေးသားထားသောအညွှန်းကို ကူးယူဖော်ပြပါသည်။)

The Intern
The Intern
The Intern
The Intern
The Intern
The Intern
The Intern
The Intern
The Intern
The Intern
Original title The Intern
IMDb Rating 7.1 10 votes
TMDb Rating 7.228 7,116 votes

Director

Nancy Meyers
Director

Cast

Robert De Niro isBen Whitaker
Ben Whitaker
Anne Hathaway isJules Ostin
Jules Ostin
Rene Russo isFiona Farwell
Fiona Farwell
Anders Holm isMatt Ostin
Matt Ostin
JoJo Kushner isPaige Ostin
Paige Ostin

Similar titles

Sitaare Zameen Par
Detective Mr. Gong
Yolo
My Wife Is a Gangster 3
The Wrecking Crew
Part-Time Daddy
Caramelo
Code 3
Harold and the Purple Crayon
The Idea of You
Charlie the Wonderdog
The Slick Guy

Leave a comment

Name *
Add a display name
Email *
Your email address will not be published