
Agen +62 (2025)
IMDb Rating (6.8)
ဒီတိုနဲ့မာသာတို့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့အဆင့်နိမ့်ဆုံးလျှို့ဝှက်အေဂျင်စီတစ်ခုဖြစ်တဲ့ PUANAS က အေးဂျင့်နှစ်ယောက်ပါ။ ရယ်စရာကောင်းတာတစ်ခုက အဲ့ဒီလိုအဆင့်နိမ့်နေတာကြောင့်ပဲ တစ်နိုင်ငံလုံးက အဆင့်မြင့်လျှို့ဝှက်ထောက်လှမ်းရေးဌာနတွေ Hack လုပ်ခံရပြီး အေးဂျင့်အမည်တွေပေါက်ကြားသွားတဲ့အချိန်မှာ သူတို့ရဲ့အချက်အလက်တွေကတော့ ကျန်နေခဲ့ပါတယ်။
သူတို့အတွက်တော့ ဒါဟာ သူတို့ရဲ့အစွမ်းကိုပြရမဲ့ အခွင့်အရေးတစ်ခုလို့ယူဆပြီး လက်ရှိအချိန်မှာနိုင်ငံနဲ့ချီပြီး အကြီးအကျယ်ပြဿနာဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားမှုကိုဖြေရှင်းဖို့ တာဝန်ယူကြပါတော့တယ်။ တကယ်တမ်းမှာ အွန်လိုင်းလောင်းကစားကွန်ယက်ဟာ ထင်ထားတာထက် ပိုပြီးရှုပ်ထွေးနက်နဲနေရုံမကနိုင်ငံရဲ့အကြီးပိုင်းတွေပါ ပါဝင်ပတ်သက်နေတာကိုသိလိုက်ရချိန်မှာတော့..။
အဆင့်မြင့်အေဂျင်စီကြီးတွေတောင်မနှိမ်နင်းနိုင်တဲ့ ဒီလိုအမှုကြီးတစ်ခုကို ပစ္စည်းကိရိယာဘတ်ဂျက်မပြည့်စုံသလို အမြဲအလွဲလွဲအချော်ချော်ဖြစ်နေတဲ့ သူတို့နှစ်ယောက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို သဘာ၀ကျကျဟာသတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။