
Manila’s Finest (2025)
IMDb Rating (8.3)
Manila’s Finest ဟာ ၁၉၆၉ ခုနှစ်ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ်ရပ်မှန် တစ်စိတ်တစ်ဒေသကိုအခြေခံပြီး မနီလာရဲတပ်ဖွဲ့အကြောင်းကို ဂုဏ်ပြုရိုက်ကူးထားတဲ့ Period Crime Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။
အဲ့ဒီခေတ်ကာလ ဌာနတွင်းအပြိုင်အဆိုင်ဖြစ်မှုတွေ၊ ဖာဒီနန်မားကိုစ့်ရဲ့(Martial law) ပြဌာန်းဖို့အတွက် အကြောင်းပြစရာအဖြစ် အသုံးချခဲ့တဲ့ အငြင်းပွားစရာဖြစ်စဉ်တွေကြားကနေ ဖိလစ်ပိုင်ရဲတပ်ဖွဲ့မြို့တော်ကွပ်ကဲရေးဌာနချုပ် (MetroCom) နဲ့ ပူးပေါင်းသွားခဲ့ရတဲ့ ဖြစ်စဉ်တွေကို အနုစိတ် ပုံဖော်ထားတာဖြစ်ပါတယ်။
ဖိလစ်ပိုင်ရဲ့ထိပ်သီးဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး ခမ်းနားလှတဲ့ Production Design၊ အမိုက်စားတွေ၊ နောက်ခံတေးဂီတ၊ Cinematography အကောင်းစားတွေနဲ့ရှုစားရမဲ့ သမိုင်းနောက်ခံဇာတ်ကားကောင်းတစ်ကားပါ။
Metro Manila Film Festival မှာပဲပွဲဦးထွက်ခဲ့ပြီး ဆုအမြောက်အမြားဆန်ကာတင်ဝင်ခဲ့ပြီးတဲ့နောက် Best Production Design,Best Cinematography အပါအဝင် ဆုခုနှစ်ခုဆွတ်ခူးရရှိထားပါတယ်။