
User Not Found (2026)
ကင်မရာပေါင်းများစွာ တပ်ဆင်ထားတဲ့ အေးစက်စက် အလုံပိတ်အအေးခန်းကြီးတစ်ခု…..
ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ အဲဒီအခန်းထဲမှာ ရုတ်တရက်နိုးလာပြီး ပိတ်မိနေတာကိုသိလိုက်ရပါတယ်။ အပြင်လောကနဲ့ဆက်သွယ်ဖို့ သူတို့နှစ်ယောက်အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ ဗီဒီယိုကောပွင့်နေဆဲဖြစ်တဲ့ ကွန်ပျူတာတစ်လုံးပါပဲ။
ဒါပေမဲ့ ဒီကွန်ပျူတာရဲ့နောက်ကွယ်မှာတော့ ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုရှိနေခဲ့ပါတယ်။
ဒါဟာ သာမန်ပိတ်မိနေမှုမဟုတ်ပဲ လူပေါင်းများစွာစောင့်ကြည့်နေတဲ့ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကြီးတစ်ခုဖြစ်နေပါတယ်။
သူတို့နှစ်ယောက်ဟာ တိုက်ရိုက်တင်ဆက်နေတဲ့ အသက်လုဂိမ်းကစားပွဲကြီးကို ကစားရမှာဖြစ်နေပါတယ်။ သေခြင်းနဲ့ အမှန်တရားကြားက အသက်လုထွက်ပေါက်ရှာရမယ့်ကစားပွဲကြီးကို တင်ဆက်သွားမဲ့
သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။