
The India Story (2026)
အသစ်ထွက် တရားရုံးဒရာမာကားကောင်းလေးတကား တင်ဆက်ပေးပါရစေ။
စစ်အရာရှိဟောင်းတဦးဖြစ်သူ ယိုဂေ့ရှ်ရဲ့သမီးလေးဟာ သွေးကင်ဆာနဲ့ ဆုံးပါးသွားပြီး ယိုဂေ့ရှ်က အဲဒါဟာ ဟင်းသီးးဟင်းရွက်တွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့်ဖြစ်တယ်လို့ တထစ်ချယုံကြည်နေပါတယ်။
အဲဒါကြောင့် သူဟာ ပိုးသတ်ဆေးကုမ္ပဏီတွေကို အမှုဖွင့်ဖို့ကြိုးစားပေမဲ့ ဘယ်ရဲစခန်းကမှလက်မခံတာကြောင့် တရားရုံးထိတက်ဖို့ဖြစ်လာပါတယ်။
ယိုဂေ့ရှ်ဟာ သူ့ကိုငြင်းလွှတ်တဲ့ရှေ့နေကြီးတွေကြားကနေ အာချာနာဆိုတဲ့ ရှေ့နေမလေးကိုရှာတွေ့ခဲ့ပြီး သူတို့နှစ်ယောက်ဟာ ပိုးသတ်ဆေးကုမ္ပဏီတွေနဲ့ အစိုးရကိုပါ တရားစွဲတဲ့အထိ အမှုကြီးတစ်ခုကို ဖန်တီးလိုက်တဲ့အခါ…။