What's happening?

Video Sources 0 Views Report Error

  • Summer Snow (2015)Unknown resource
Summer Snow

Summer Snow

Oct. 28, 2015KR115 Min.
Your rating: 0
5 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Summer Snow (2015)
********************

IMDb. 6.7/10

ဒီတစ်​ခေါက်မှာ​တော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ healing movie​ လေးတစ်ခုနဲ့မိတ်ဆက်​ပေးချင်ပါတယ်.. Omnibus flim အမျိူးအစားဖြစ်ပြီး ရုပ်ရှင်တစ်ကားတည်းမှာပဲ မတူညီတဲ့ ဇာတ်လမ်း ၃ မျိုးကို ကြည့်ရှုခံစားရမှာပါ…

ဒီကား​လေးမှာ​​​တော့ ချန်ဂင်ကားထဲမှ မင်းသားကြီး Ji Jin Hee, A Love Other than Yours မှ Seo Kang Jun, Monster ထဲမှ Sung Yoo Ri, The Fiery Priestထဲမှ Kim Sung Kyun တို့အပြင် အခြား​သော သရုပ်​ဆောင်များလည်းပါဝင်ပါတယ်။

​မြောင်ဟွမ် (Ji Jin Hee)က​တော့ စုံ​ထောက်တစ်ဦးဖြစ်ပြီး မကြာ​သေးခင်ကမှ ဇနီးဖြစ်သူကွယ်လွန်သွားကာ ၆ နှစ်အရွယ်သမီး​လေးဖြစ်သူနဲ့အတူ အ​ဖေတစ်ခုသမီးတစ်ခု ဘဝနဲ့​နေထိုင်​နေသူပါ…တစ်​နေ့မှာ​တော့ သမီး​လေးနဲ့ ငါးပြတိုက်သွားမယ်လို့ ချိန်းဆိုထားခဲ့​ပေမဲ့ အလုပ်များ​နေတာ​ကြောင့် အချိန်မီမသွားနိုင်ခဲ့ပါဘူး။ အ​ဖေဖြစ်သူ အလာကို​​စောင့်​နေတဲ့သမီး​လေးဟာ ကားတိုက်ခံရပြီး ​သေဆုံးသွားခဲ့ပါ​တော့တယ်။ သမီးဖြစ်သူ​သေဆုံးမှူအ​ပေါ်  ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​နေခဲ့ပြီး ကားတိုက်​ပြေးသူကို ​ရေကုန်​ရေခမ်း လိုက်လံဖမ်းဆီးဖို့ ကြိုးစားပါ​​တော့တယ်။

ဟန်​ဆော​ဂျောင်း(Sung Yoo Ri)ဟာ တက်သစ်စမင်းသမီးတစ်ဦးဖြစ်ပြီး ​သူရဲ့​ဒေါသကြီးတဲ့ စရိုက်ကို သည်းခံနိုင်သူကလည်း ကိုယ်စားလှယ် ​ဟောထယ်​ယောင်း (Kim Sung Kyun)တစ်ဦးတည်းသာဖြစ်ပါတယ်။ တစ်​နေ့မှာ​တော့ ​ဟောထယ်​ယောင်းဟာ ဟန်​ဆော​ဂျောင်းက တွဲဖက်မင်းသားဖြစ်သူနဲ့ တွဲ​​နေတာကိုသိသွားပြီး မလိုလားအပ်တဲ့ပြသနာ​တွေ မဖြစ်လာ​အောင် ခွဲဖို့ကြိုးစားပါ​တော့တယ်။ ဒါ​ပေမဲ့လည်း ​ဟောထယ်​ယောင်းဟာ သူ့မှာ ရှင်သန်ဖို့ ရက် ဘယ်​လောက်မှ မကျန်​တော့တာကို သိလိုက်ရပြီး​​​နောက်မှာ​တော့ ခံစားချက်ကိုမြိုသိပ်ကာ ဟန်​ဆော​ဂျောင်းအတွက် စိတ်ချရတဲ့အနာဂတ်ကို ​ထားခဲ့ပေးနိုင်ဖို့ပဲ ဆုံးဖြတ်လိုက်ပါ​တော့တယ်။

ချွဲဂန်ချီဟာ လက်​​ဝှေ့ချန်ပီယံ​ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ​​တော့ ​ရောဂါတစ်ခု​ကြောင့် ​ဆေးရုံတက်​နေသူပါ။ ဆေးရုံမှာရှိတဲ့ ပရိသတ်​တွေနဲ့ ​ရှေး​ဟောင်း​နှောင်းဖြစ်​တွေ​ပြောရင်း ​နေ့ရက်​တွေကို သာသာယာယာဖြတ်​သန်း​နေခဲ့ပါတယ်။ တစ်​နေ့မှာ​တော့ သူငယ်ချင်း​ဟောင်းတဖြစ်လဲ ပြိုင်ဘက်​ဟောင်းဖြစ်သူ ဟုန်းဂျုံဂူကလည်း ​ဆေးရုံကို ​​​​ရောက်လာခဲ့ပြီး နှစ်​​ယောက်ကြားက ဖုံးကွယ်ထားတဲ့ အတိတ်​တွေ တစ်စတစ်စ​​ပေါ်ထွက်လာပါ​တော့တယ်။

မိဘနဲ့သားသမီး, ချစ်သူရည်းစား, သူငယ်ချင်းသံ​ယောဇဥ် ၃ မျိုးလုံးကို ရုပ်ရှင်တစ်ကားတည်းမှာပဲ မတူညီတဲ့ ရှုထောင့်မျိုးစုံက​နေ ခံစားရမှာမို့လို့ အခုပဲကြည့်ရှုခံစားလိုက်ရ​​အောင်​နော်။

Summer Snow
Summer Snow
Summer Snow
Original title 미안해 사랑해 고마워
TMDb Rating 7 2 votes

Director

Jeon Yun-su
Director

Cast

Similar titles

Boxer
Fear
Maya
Queen of My Heart
State and Main
Road Trip
Christy
Vadh 2
Ballad of a Small Player
M
King of Dallas
Dirty Ice Cream

Leave a comment

Name *
Add a display name
Email *
Your email address will not be published