
Breeder (2026)
IMDb Rating (6.4) / Rotten Tomatoes (89%)
ရပ်ဆဲလ်က PhD ဘွဲ့ မပြီးသေးတဲ့အတွက် သုတေသနရန်ပုံငွေရဖို့ ခက်ခဲနေတဲ့ ပျားမျိုးစိတ်လေ့လာသူ MIT ကျောင်းသားဟောင်းတစ်ယောက်ပါ။
ဆုတံဆိပ်ရ ခွေးမျိုးစပ်မွေးမြူသူ ပတ်တီလို့ခေါ်တဲ့ အမျိုးသမီးကြီးတစ်ယောက်က သူ့ သုသေသနကို ထောက်ပံ့ဖို့စိတ်ဝင်စားတဲ့အတွက် စကားပြောလိုကြောင်း ဖိတ်ခေါ်လာချိန်မှာတော့ အခက်အခဲဖြစ်နေတဲ့ ရပ်ဆဲလ်ဟာ အဲ့ဒီအမျိုးသမီးကြီးရဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်မွေးမြူရေးခြံကြီးကိုရောက်သွားခဲ့ပါတယ်။
အဲ့ဒီကိုရောက်သွားတဲ့ အချိန်မှာ အမျိုးသမီးကြီးရဲ့ကြောက်စရာ မျိုးဗီဇရွေးချယ်မျိုးပွားမှုအစီအစဉ်ကြီးကို သိသွားပါတော့တယ်။ ဒါပေမဲ့ သူပေးတဲ့ မက်လုံးက တအားမက်မောစရာကောင်းနေတာကြောင့် ရပ်ဆဲလ်တစ်ယောက်ရှေ့ဆက်တိုးမလား နောက်ဆုတ်ရမလား ဝေခွဲမရဖြစ်နေခဲ့ပေမဲ့..။
ဝေဖန်ရေးဆရာတွေက အကောင်းမြင်မှတ်ချက်တွေ အများကြီးရထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းဇာတ်ကွက်ဆန်းသစ်သလို ပတ်တီနေရာက သရုပ်ဆောင်တဲ့ Dot-Marie Jones ရဲ့သရုပ်ဆောင်ချက်ကလည်းသွေးထွက်သံယိုမပါဘဲနဲ့ကို ကျောချမ်းစရာကောင်းလှပါတယ်။ မြည်းစမ်းကြည့်သင့်တဲ့ Dark comedy/Psychological horror ကားကောင်းတစ်ကားဖြစ်ပါတယ်။