
Always: Sunset on Third Street 2 (2007)
IMDb Rating : 7.5/10
ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sunset on 3rd street ဆိုတဲ့ဇာတ်ကားလေးရဲ့နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
မွတ်စူကိုဟာ ဆူဇူကီးတို့နဲအတူ မိသားစုအရင်းလိုဖြစ်နေပါပြီ။ စာရေးဆရာဆီရောက်လာတဲ့ မိဘမဲ့ကောင်လေးကလည်း သူ့အိမ်က ပြန်လာခေါ်ပေမယ့် ပြန်မလိုက်သွားပဲ စာရေးဆရာနဲ့ပဲအတူနေခဲ့တာပါ။ ဒီတော့ စာရေးဆရာလည်း ကလေးကို ထောက်ပံ့ဖိုအတွက်ကြိုးစားရပါတော့တယ်။
တစ်ဖက်မှာလည်း ကလေးကို ကောင်းမွန်တဲ့ဘ၀တစ်ခုမပေးနိုင်ရင် တရားဥပဒေအရပြန်ခေါ်မယ်ဆိုတဲ့စကားကြောင့် စာရေးဆရာတစ်ယောက် ပိုပြီးတောင် ၀န်ပိနေတာပါ။ ဒါနဲ့ပဲ သူလည်း စာပေဆုရရှိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ သူ စာပေဆုကို ရရှိပြီး ကလေးကို ဆက်လက်ခေါ်ထားနိုင်မှာလား။ မွတ်စူကိုတိုမိသားစုလေးမှာရော ဘယ်လိုအပြောင်းအလဲတွေရှိလာမလဲ ဆိုတာကိုတော့ အတူကြည့်လိုက်ရအောင်ပါ။