What's happening?

Video Sources 549 Views Report Error

  • Watch traileryoutube.com
  • Apex (2026)Unknown resource
Apex

Apex

Hunt. Survive.Apr. 24, 2026USA96 Min.R
Your rating: 0
9 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Apex (2026)
+++++

ဒီနေ့ (ဧပြီလ ၂၄ ရက်) မှာပဲ Netflix ကနေ အသစ်စက်စက် ထွက်လာတဲ့ “Apex” ဆိုတဲ့ Survival Action Thriller ကားသစ်လေးတင်ပေးထားပါတယ်။ ဒီကားမှာဆိုရင် နာမည်ကြီး မင်းသမီး ချာလစ်ဇ် သရွန် (Charlize Theron) နဲ့ Kingsman မင်းသား တာရွန် အီဂါတန် (Taron Egerton) တို့ အဓိက ပါဝင်ထားကြတယ်။

ဇာတ်လမ်းက ဘယ်လိုလဲဆိုတော့ ဆာရှာ (ချာလစ်ဇ် သရွန်) ဆိုတဲ့ ကျောက်တောင်တက် ဝါသနာပါတဲ့ အမျိုးသမီးတစ်ယောက် သြစတြေးလျတောနက်ထဲမှာသွားပြီး ကျောက်တောင်တက်ရင်း အပန်းဖြေတာကနေ စတယ်။ ဒါပေမဲ့ တောထဲမှာ သဘာဝဘေးတွေနဲ့ချည်း ရင်ဆိုင်ရတာမဟုတ်ဘဲ သူ့ကို အမဲလိုက်ချင်နေတဲ့ လူသတ်ကောင် (တာရွန် အီဂါတန်) နဲ့ သွားပက်ပင်းတိုးပါလေရော။

ဒီလိုနဲ့ အဲဒီ လူသတ်သမား လက်ကနေ လွတ်အောင် တောထဲတောင်ထဲမှာ ပြေးရင်းလွှားရင်း ကြောင်နဲ့ကြွက် ကစားပွဲကို ရင်တမမနဲ့ ကြည့်ရမဲ့ဇာတ်လမ်းမျိုးပါ။ မင်းသား အဲရစ် ဘာနာ (Eric Bana) ကလည်း ဆာရှာရဲ့ ယောက်ျား နေရာကနေ ပါဝင်အားဖြည့်ထားသေးတယ်။

ဒီကားက သေနတ်တွေနဲ့ ပစ်ခတ်တဲ့ အက်ရှင်တွေထက် ကိုယ့်ရဲ့ ဇွဲ၊ လုံ့လ၊ ရှင်သန်ချင်စိတ်တွေနဲ့ အသက်လုရတဲ့ Survival ကားမျိုးကြိုက်တဲ့သူတွေအတွက် အတော်လေး အဆင်ပြေတယ်။ ပြီးတော့ တာရွန် အီဂါတန် ကို သဘောကျတဲ့သူတွေအတွက်လည်း သူ့ကို ရက်စက်တဲ့ ဗီလိန် ကာရိုက်တာမျိုးနဲ့ အသစ်အဆန်း မြင်တွေ့ရမှာပါ။

ဒါရိုက်တာ Baltasar Kormákur ရိုက်ကူးထားတာဖြစ်ပြီး သြစတြေးလျ တောတောင် ရှုခင်းတွေနဲ့ ရုပ်ထွက်ကလည်း တော်တော်လေး မိုက်တယ်။ သက်လုံကောင်းကောင်းနဲ့ အသက်လုပြေးရတဲ့ ကားမျိုးတွေ ကြိုက်တယ်ဆိုရင်တော့လက်လွတ်ခံသင့်ပါဘူး။

Apex
Apex
Apex
Apex
Apex
Apex
Apex
Apex
Apex
Original title Apex
IMDb Rating 6.3 10 votes
TMDb Rating 6.329 41 votes

Similar titles

M
Carry-On
Kiss of the Spider Woman
War of the Worlds
Pongala
Memories of the Sword
Coma
May God Save Us
Vikalpa
The One
Desert Lone Hero
Unknown Origins

Leave a comment

Name *
Add a display name
Email *
Your email address will not be published