
God of This Age (2026)
************************
ဒါရိုက်တာ James Alford ရေးသားရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ နည်းပညာရဲ့ အမှောင်ဘက်ခြမ်းနဲ့ မကောင်းဆိုးဝါးစွမ်းအားတွေကို သဲထိတ်ရင်ဖိုရောစပ်ရိုက်ကူးထားတဲ့ Independent Thriller ကားလေး ဖြစ်ပါတယ်။
သူငယ်ချင်းတစ်စုဟာ သာမန်ပျော်ပျော်ပါးပါးအပန်းဖြေဖို့အတွက် ညဘက် စုဝေးဆုံဆည်းခဲ့ကြပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ မှားယွင်းလက်ခံလိုက်ရတဲ့အလုပ်တစ်ခုနဲ့ ဖုန်းထဲရောက်လာတဲ့ ဆန်းကြယ်တဲ့မသင်္ကာစရာစာတိုတစ်စောင်ကြောင့် သူတို့ရဲ့ ပျော်ရွှင်စရာ ညဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူတို့အုပ်စုဆီ အမှောင်ထုထဲက ဆိုးရွားလှတဲ့ အန္တရာယ်ဆိုးကြီး စတင်ဝင်ရောက်လာပါတယ်။ ဒီဖြစ်ရပ်ဆိုးတွေဟာ နည်းပညာတွေ ထိန်းမနိုင်သိမ်းမရလို့ ဖရိုဖရဲဖြစ်ကုန်တာလား၊ ဒါမှမဟုတ် ပိုကြမ်းတမ်းပြီး စက်ဆုပ်စရာကောင်းတဲ့ မကောင်းဆိုးဝါးစွမ်းအားတစ်ခုခုက နောက်ကွယ်က ကြိုးကိုင်နေတာလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။
သည်းထိတ်ရင်ဖိုခြောက်လှန့်မှုတွေနဲ့ အကြမ်းဖက်အခန်းတချို့ ပါဝင်လို့ အသက် ၁၅ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။
Independent Thriller ကားဆန်းဆန်းတွေ၊ နည်းပညာနဲ့ သဘာဝလွန်ဆန်းကြယ်မှုတွေ ပေါင်းစပ်ထားတဲ့ Mystery/Thriller ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။