
The Thrifty Angel (2026)
ပညာပေးဇာတ်ကားလည်းဖြစ် ရယ်မောစရာလည်းကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းမွန်ပြီး အချိန်ကုန်ရတာလည်းတန်တယ်ဆိုတဲ့ ဇာတ်ကားမျိုးကြည့်ချင်နေတယ်ဆိုရင်
ဒီ the thrifty angel ဆိုတဲ့ဇာတ်ကားလေးကိုညွှန်းပေးလိုက်ပါရစေ။
ဇာတ်လမ်းအညွှန်းလေးအနေနဲ့ –
ကောင်းယိဆိုတဲ့လူတစ်ယောက်ဟာ ဘမျိုးဘိုးတူဆိုတဲ့အတိုင်း သူ့အမေကပ်စီးနည်းဆီကနေ ကပ်စီးနည်းပုံတွေသင်ယူရင်း သူကြီးပြင်းလာတဲ့အခါမှာလည်း ကပ်စီးနည်းတဲ့သူတစ်ယောက်
ဖြစ်သွားပါတော့တယ်။
ဘယ်လောက်တောင် ကပ်စီးနည်းလဲဆိုရင် ဘတ်စ်ကားမစီး ၊ အိမ်မှာမီးမဖွင့် ၊ အထပ်မြင့်ကြီးကိုလည်း ဓာတ်လှေကားမတပ်ဘဲ ခြေလျင်လျှောက်တက် ၊
ဖုန်းတောင်မဝယ်တဲ့အထိကပ်စီးနည်းပြီး ရှိသမျှအလုပ်အကုန်လုပ်ပြီးပိုက်ဆံစုတဲ့အထိပါပဲ။
ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့စကားရှိသလို ကိစ္စတစ်ခုကို အလွန်အကျွံလုပ်မိပြန်ရင်လည်း အဲဒီကိစ္စကြောင့်ပဲ ကိုယ်တိုင်ပြန်ဒုက္ခရောက်တတ်တယ်ဆိုတဲ့စကားလည်းရှိသေးတယ်မလား။
ဒီလိုနဲ့ကပ်စီးနည်းပါတယ်ဆိုတဲ့ တစ်ကိုယ်ရေတစ်ကာယသမားကောင်းယိဆီကိုမှ ကလေးတစ်ယောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ရောက်လို့လာပါတော့တယ်။ ကောင်းယိကလည်း အဲဒီလိုပဲ သူ့ရဲ့ကပ်စီးနည်းလွန်းတဲ့စိတ်ကြောင့် သူဘယ်လိုတွေပညာရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာကြည့်ရမှပဲဖြစ်ပါတယ်။
ကဲ ကောင်းယိတစ်ယောက် ဘယ်လိုပညာပေးခံလိုက်ရတာဖြစ်မလဲ သူ့ဆီရောက်လာတဲ့ကလေးအပေါ်မှာရော သူတာဝန်ယူမှုရှိပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ခံစားကြည့်ရှုလိုက်ကြပါအုံးနော်။