
မင်းသား Kang Ha-Neul အပီကြမ်းထားတဲ့ အလန်းစား အက်ရှင်မှုခင်းကားသစ်လေး ထွက်ရှိလာပါပြီ။ When Life Gives You Tangerine က မင်းသားကြီး Park Hae-Joon ၊ Exhuma ကားမှ Yu Hae-Jin နဲ့
Our Unwritten Seoul မှ မင်းသား Ryu Kyung Soo အစရှိတဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်
– ဇာတ်လမ်းအကျဉ်း –
အီဂန်ဆူ (Kang Ha-Neul) ကတော့ လူတစ်ဦးရဲ့ ချောက်ချမှုကြောင့် အပြစ်မရှိဘဲ ဆေးမှုနဲ့ ထောင်ထဲရောက်နေသူပါ။ ဂူဂွမ်ဟီး (Yu Hae-Jin) ကတော့ ရည်မှန်းချက်ကြီးတဲ့ အမှုစစ်ဖြစ်ပြီး ရာထူးတိုးချင်တဲ့ ရည်ရွယ်ချက်နဲ့ဆေးသမားတွေကို ကြားကသတင်းပေးမယ်ဆိုရင် ထောင်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး ဂန်ဆူကို ကမ်းလှမ်းပါတော့တယ်။
ဒီလိုနဲ့ ဂန်ဆူဟာ အမှုစစ်ဂူအတွက် မူးယစ်သတင်းပေး စလုပ်ပေးခဲ့ပြီး အမှုစစ်ဂူလည်း အဲဒီကျေးဇူးကြောင့် ဆေးသမားတွေ တစ်ယောက်ပြီးတစ်ယောက်ဖမ်းပြီးတော့ ရာထူးလည်း တစ်ဆင့်ထက်တစ်ဆင့် တက်လာခဲ့တာပေါ့။တစ်ဖက်မှာလည်း မူးယစ်ဆေးမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံထောက်ဖြစ်တဲ့ အိုဆန်းဂျယ် (Park Hae-Joon) ကအမှုစစ်ဂူကြောင့် သူ့ရဲ့ စုံစမ်းစစ်ဆေးရေးတွေ ဆက်တိုက် ကျရှုံးနေတာမို့လို့ အမှုစစ်ဂူအပေါ် သိပ်ပြီးအမြင်မကြည်လှသလို ဂန်ဆူနဲ့ အမှုစစ်ဂူတို့ရဲ့ ဆက်ဆံရေးကိုလည်း အမြဲ သတိထားစောင့်ကြည့်နေလေ့ရှိပါတယ်။
ဂန်ဆူ ၊ အမှုစစ်ဂူနဲ့ စုံထောက်အိုတို့ သုံးဦးဟာ ကိုယ်စီအကျိုးစီးပွားတွေအတွက် အပြန်အလှန်ပတ်သက်ဆက်စပ်မိပြုလာတဲ့အခါမှာတော့….တောင်ကိုးရီးယား မူးယစ်စုံစမ်းစစ်ဆေးရေးလောကထဲက အားပြိုင်ပုံ အမျိုးမျိုးအဖုံဖုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ လက်လွတ်မခံဘဲ အခုပဲ အပြေးလေးကြည့်လိုက်ကြပါတော့နော်။