
Furious Attack (2026)
—————————————
ဒီဇာတ်ကားလေးကတော့ အားလုံးသိပြီးသားအကြောင်းအရာကိုပဲ အားလုံးမသိသေးတဲ့ပုံစံနဲ့ရိုက်ပြထားတဲ့ အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။
အားလုံးသိပြီးသားအကြောင်းအရာဆိုတာကတော့ ကျားဖြန့်ကိစ္စတွေဖြစ်ပြီး ဒီကိစ္စအပေါ်မှာဘယ်လိုဇာတ်အိမ်တည်ပြီး ခပ်မိုက်မိုက်ရိုက်ပြထားလဲဆိုတာကတော့ ဇာတ်ကားလေးထဲမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဇာတ်ကားအညွှန်းအနေနဲ့ မြန်မြို့တော်မှာ လူသတ် ၊ သွေးထုတ်၊ သွေးအထုတ်လွန်ပြီးသေရင် အတွင်းကလီစာထုတ် ရောင်းစားလုပ်နေတဲ့ဂိုဏ်းခေါင်းဆောင်ခွန်မိုက်တို့ ဂိုဏ်းအုပ်စုဟာ တစ်နေ့မှာ မိန်းကလေးတွေကိုပြန်ပေးဆွဲရင်း မထင်မှတ်ထားဘဲ သတင်းထောက်ဖြစ်မဲ့ အန်းရှင်းဆိုတဲ့ကောင်မလေးကို ပြန်ပေးဆွဲလာမိပါတယ်။
အန်းရှင်းက နဂိုတည်းက လောကကြီးရဲ့မကောင်းမှုတွေကို တစ်ဖက်တစ်လှမ်းကနေဖော်ထုပ်ပြီး အလင်းပေးချင်နေတဲ့သူဖြစ်တဲ့အလျောက် ဖမ်းမိသွားရင် အသတ်ခံရမှာသိသိကြီးနဲ့ကို သတင်းယူပြီး လိုင်းပေါ်တင်ဖို့လုပ်ပါတော့တယ်။
အန်းရှင်းဖြစ်ချင်တဲ့ဆန္ဒအတိုင်း ခွန်မိုက်တို့အုပ်စုကို ရဲတွေဘက်ကဖမ်းမိနိုင်သွားမလား၊ ဒါမှမဟုတ် ဘယ်လိုပြဿနာတွေထပ်ဖြစ်လာအုံးမလဲ…
အန်ရှင်းကိုရောလာကယ်မဲ့သူရှိပါအုံးမလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦး…