What's happening?

Video Sources 372 Views Report Error

  • Watch traileryoutube.com
  • Christy (2025)Unknown resource
Christy

Christy

Aug. 29, 2025United Kingdom99 Min.NR
Your rating: 0
5 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Christy (2025)
+++++

၂၀၂၅ မှာ ထွက်ရှိထားတဲ့ Christy အမည်ရ အိုင်းရစ် (Irish) ရုပ်ရှင်ကားလေးက Christy ဆိုတဲ့ ၁၇ နှစ်အရွယ်ကောင်လေး တစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ပြထားတဲ့ (Coming-of-age) ဒရာမာကားလေးပါ။

ဇာတ်လမ်းက ခရစ္စတီ (Christy) ဆိုတဲ့ အသက် ၁၇ နှစ်အရွယ် ကောင်လေးအကြောင်းပါ။ သူက မိဘမဲ့ဂေဟာတွေ၊ မွေးစားမိသားစုတွေဆီမှာ တစ်လှည့်စီ နေခဲ့ရတဲ့ ကလေးပေါ့။

တစ်နေ့မှာတော့ သူဟာ မွေးစားမိသားစုနဲ့ ပြဿနာတက်ပြီး အထုတ်အပိုးလေးတစ်ထုပ်နဲ့ ထွက်လာခဲ့ရပါတယ်။ သူ့မှာ သွားစရာဆိုလို့ သူ့ရဲ့အစ်ကို ရှိန်း (Shane) ပဲ ရှိပါတော့တယ်။ ရှိန်းက အလုပ်ကြိုးစားပြီး ဘဝကို အခြေတကျဖြစ်အောင် ကြိုးစားနေတဲ့သူပါ။

သူက ခရစ္စတီကို အိမ်မှာ ခဏလက်ခံထားပေးပေမဲ့ ခရစ္စတီရဲ့ လူမိုက်ဆန်ဆန် အပေါင်းအသင်းတွေနဲ့ ပတ်သက်နေတဲ့အတိတ်တွေကြောင့် သူ့ဘဝထဲမှာ ခရစ္စတီ ရေရှည်ရှိနေမှာကို စိုးရိမ်နေပါတယ်။ ခရစ္စတီမှာ ထူးခြားတဲ့ အနုပညာပါရမီတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ဆံပင်ညှပ်တာပါ။

သူက မြို့ထဲက လူငယ်တွေကို ဆံပင်ညှပ်ပေးရင်းနဲ့ တဖြည်းဖြည်း လူချစ်လူခင် ပေါလာပြီး သူ့ဘဝအတွက် ရည်မှန်းချက်တစ်ခု စတွေ့လာပါတယ်။

မတူညီတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ညီအစ်ကို နှစ်ယောက်ကြားက နားလည်မှုလွဲတာတွေ၊ အတိတ်က နာကျင်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ရင်နင့်စရာ မြင်တွေ့ရမှာပါ။ ခရစ္စတီးက လူမိုက်အုပ်စုတွေထဲ ပြန်ဝင်မလား၊ ဒါမှမဟုတ် သူ့ရဲ့ ဆံပင်ညှပ်တဲ့ ပညာနဲ့ ဘဝသစ်ကို တည်ဆောက်မလားဆိုတာက ဒီကားရဲ့ စိတ်လှုပ်ရှားစရာ အပိုင်းပါပဲ။

ဒီကားက “လမ်းပျောက်နေတဲ့ လူငယ်လေးတစ်ယောက်က သူ့ကိုယ်သူ ပြန်ရှာတွေ့ဖို့ ကြိုးစားပုံ” ကို အရမ်း သဘာဝကျကျ ရိုက်ပြထားတာပါ။ ၂၀၂၅ Berlinale ရုပ်ရှင်ပွဲတော်မှာတောင် ဆုတွေရခဲ့တဲ့ ကားကောင်းလေးပါ။ မင်းသားလေး Danny Power က ခရစ္စတီးအဖြစ် သရုပ်ဆောင်တာ တကယ့်ကို အသက်ဝင်ပါတယ်။

Christy
Christy
Christy
Original title Christy
IMDb Rating 7.4 561 votes
TMDb Rating 6.667 6 votes

Similar titles

Tusok Tusok
Levitating
Himas
The Whisper Man
The Volunteers: The Battle of Life and Death
Concussion
Hadestown: The Musical
Unknown Origins
Barreda
The Children’s Train
Dìdi (弟弟)
The Social Network

Leave a comment

Name *
Add a display name
Email *
Your email address will not be published